Connect with us

Politics, Law & Military

ပြည်ထောင်စုကြီး စည်းလုံး ညီညွတ် ခိုင်မာရန် အထူး အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် PPST အဖွဲ့ တွေ့ ဆုံစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office )

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရန် ၊ ခိုင်မာရန် အထူး အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST ) နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် စည်းလုံးညီညွတ်ရန် များစွာလိုအပ်ကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် အင်အားချိန်ခွင်လျှာများ ပြောင်းလဲလျက် ရှိကြောင်း၊ နိုင်ငံစည်းလုံးမှုမရှိလျှင် အနိုင်ကျင့်ခြင်းများ၊ ဖိအားပေးခြင်းများ ခံရမည် ဖြစ်ကြောင်း ၊ ယနေ့ မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်နေသည်မှာ နောင်လာနောင်သားများ အတွက် ကြိုးပမ်း ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အောက်တိုဘာ ၁၆ ရက်တွင် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်ထောင်စုအတွက် ဟူသော ခံယူချက်ဖြင့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD) တွင် တတ်နိုင်သည့်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးကြစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်း ပူးတွဲဆောင်ရွက်ရေး၊ UPDJC အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေး၊ JMC ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.