Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး ၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စု စီမံကိန်း အကောင်အထည်ဖော်ရေး ရှေ့ပြေး စီမံချက် စတင်

မောင်တောမြို့နယ်သို့ ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ သွားရောက်ခဲ့စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး များ ပါဝင်သော ပြည်ထောင်စု စီမံကိန်း (UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေး စီမံချက် အား စတင် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထိုရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပု၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် သန်းထွဋ်တို့နှင့်အတူ အောက်တိုဘာ ၁၆ ရက်တွင် မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင် ကျေးရွာများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်စဉ် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ အထောက်အပံ့ များဖြစ်သည့် စားနပ် ရိက္ခာပစ္စည်း များ ပေးအပ်ခြင်း၊ ပြန်လည်နေရာ ချထားရေးအတွက် အိမ်ရာများ စတင် ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့သည် မောင်တောမြောက်ပိုင်း မြိုတိုင်းရင်း သားများနေထိုင်ရာ လောင်းဒုံ (နတလ)ကျေးရွာသို့ ရောက်ရှိစဉ် တိုင်းရင်းသားများ အတွက် စားနပ်ရိက္ခာများလာရောက် ထောက် ပံ့ခြင်းဖြစ်ကြောင်း၊ လိုအပ် သည့် နေရာများတွင် နေအိမ်များတည် ဆောက်၍ ပြန်လည်နေရာချထားပေးရန် ဖြစ်ကြောင်း ၊ လူနည်းစု တိုင်းရင်းသားများ၏ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ အပါ အဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဒေသခံ မြို တိုင်း ရင်းသားများ နှင့်တွေ့ဆုံ ပြောကြားခဲ့သည်။

ထိုနောက် ခုံတိုင်ကျေးရွာနေ မြို တိုင်းရင်းသားများအတွက် နတလရွာ သစ်တည်ဆောက်ပေးရန် အိမ်ရာ ပန္နက် ရိုက်ပွဲသို့ တက်ရောက်၍ အိမ်ရာသစ် ပန္နက်တိုင်ကို စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာသူ ကျေးရွာ သားများ နှင့်တွေ့ဆုံ၍ ထောက်ပံ့မှုများ ပေးအပ်ကာ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးနေ သည့် ပြည်သှူကျန်းမာရေးဦးစီးဌာနမှ ရွေ့လျား ဆေးကုသအဖွဲ့နှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ပြည်ထောင်စု စီမံ ကိန်းတွင် စားနပ် ရိက္ခာထောက် ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကဏ္ဍ သုံးခု ချမှတ် ဆောင်ရွက်ရန် ရှိကြောင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒေသနေ ပြည်သူများ ဝိုင်းဝန်း ပါဝင် ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ခရီးစဉ် အတွင်း ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.