Connect with us

Politics, Law & Military

ကလေးဝမြို့နယ်၌ Detonator (ဖောက်ခွဲရေးပစ္စည်း) ၄၀,၀၀၀ခု ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ကလေးဝမြို့နယ်၌ Detonator (ဖောက်ခွဲရေးပစ္စည်း) အခု ၄၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၁၈၄၀ အချိန် မူးယစ်တပ်ဖွဲ့စု (၅) (ကလေး)မှ ရဲတပ်ဖွဲ့ဝင်များ ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ကလေးဝ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝ-ရေဦး-တန့်ဆည် ကားလမ်းမိုင်တိုင်(၁၀၄/၁၀၅)ကြား၌ ကလေးဝမြို့နယ်ဘက်မှ ရေဦးမြို့ဘက်သို့ သန်းနိုင်ဦး (၄၂)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ရွှေသန့်စင်လုပ်ငန်း၊ (ဘ)ဦးသန်းထိုက်၊ ဟေမမာလာ(တောင်) ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူ မောင်းနှင်ပြီး ပြည်ဖြိုးမောင်(၂၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ရွှေသန့်စင်လုပ်ငန်း၊ (ဘ)ဦးကျော်ဌေး အင်ကျယ်ကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ လိုက်ပါလာသည့် MDY-6E/ xxxx SURF ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကားနောက်ခန်း ခရီးဆောင်အိတ်အတွင်းမှ Detonator (၄၀,၀၀၀) ခု တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ၂၁၀၀ အချိန် သန်းနိုင်ဦး ပါ(၂)ဦး(ဖမ်းမိ)အား ကလေးဝမြို့မရဲစခန်း (ပ)၃၀၄/၂၀၁၇၊ ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.