Connect with us

Politics, Law & Military

ပြည်ထောင်စု ဝန်ကြီးဌာန ၁၈ ခုတွင် အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့ ၃၂ ဖွဲ့အား ဖွဲ့စည်းထား

အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ - ACC Myanmar)

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU)များကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ ပြည်ထောင်စု ဝန်ကြီးဌာန ၁၈ ခုတွင် CPU (၃၂)ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ်(၂/၂၀၁၉)အား နေပြည်တော်၌ ဇူလိုင် ၂၄ ရက်တွင် စတင် ကျင်းပခဲ့ရာ ၎င်းက ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် မိမိတို့၏ ရည်မှန်းချက် တာဝန်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ CPU များသည် အချို့ဝန်ကြီးဌာနများတွင် ထိထိရောက်ရောက် စတင်လှုပ်ရှားဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အနေဖြင့်လည်း CPU တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ကော်မရှင် ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ၍ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများသာမက ပြည်သူလူထု တစ်ရပ်လုံးသို့လည်း ပွင့်လင်းမြင်သာစွာ အသေးစိတ်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ဒုတိယအကြိမ်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် CPU နည်းပညာနှင့် လက်သုံးကိရိယာအသစ်များ တပ်ဆင် ပေးလိုက်မည် ဖြစ်သဖြင့် မကြာမီတွင် ပြည်သူလူထုကို ပိုမို၍ ကျယ်ပြန့်စွာ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)တို့ ပူးပေါင်း၍ ဇူလိုင် ၂၆ ရက်ထိ ဆက်လက် ကျင်းပမည် ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ UNDP ၊ UNODC နှင့် ကမ္ဘာ့ဘဏ်တို့မှ ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ် အလိုက် ရှင်းလင်း ဆွေးနွေးမည် ဖြစ်ကြောင်း ၊ အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းထားသော ပြည်ထောင်စု ဝန်ကြီးဌာန ၁၈ ခုနှင့် ကော်မရှင်ရုံးမှ သင်တန်းသား စုစုပေါင်း ၁၅၆ ဦး တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.