Connect with us

Politics, Law & Military

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇)ကို ၂၀၁၉ ဇွန်လဆန်းမှ စတင် ဆောင်ရွက်ပေးနေ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အား လုပ်ပိုင်ခွင့် ရရှိသူ အမည် ပြောင်းလဲခြင်း လုပ်ငန်း ဆိုင်ရာညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး နေပြည်တော်ကောင်စီ အပါအဝင်၊ တိုင်းဒေသကြီး / ပြည် နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ၂၀၁၉ ခုနှစ်ဇွန်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးရန် ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ညွှန်ကြားထားပြီး ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ဖြေကြားခဲ့သည်။

“လယ်ယာမြေဥပဒေပါ ပြဌာန်းချက်အတိုင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းတို့နဲ့ ပတ်သက်ပြီး လုပ်ဆောင်နိုင်ရေး အတွက် ၂၀၁၈ နိုဝင်ဘာ ၂၃ ၇က်မှာ ကျင်းပတဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးနဲ့ ၂၀၁၉ ဧပြီ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးတွေမှာ ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အား လုပ်ပိုင်ခွင့် ရရှိသူ အမည် ပြောင်းလဲ ခြင်း လုပ်ငန်း ဆိုင်ရာညွှန်ကြားချက်တွေကို ထုတ်ပြန်ခဲ့တဲ့အတိုင်း ပုံစံ (၇) တွေကို ပြောင်းလဲ ပြင်ဆင် ထုတ်ပေးလျက်ရှိပါတယ်” ဟု ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့သည်။

ညောင်တုန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင် မေးမြန်းနေစဉ်။(ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော် ဖြေကြားစဉ်။(ဆင်ဟွာ)

ဧရာဝတိတိုင်းဒေသကြီး ညောင်တုန်းမြို့ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်း လွင်၏ ‘လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို ပုဂ္ဂိုလ်/ အဖွဲ့အစည်း အမည် ပြောင်းလဲရန် ခက်ခဲနေခြင်း ကိစ္စအား မည်သု့ စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း’ နှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် စိုက်- မွေး – ဆည် ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117