Connect with us

Politics, Law & Military

မြေယာ ဥပဒေများကို လွှမ်းခြုံသော အမျိုးသား မြေဥပဒေ ပြဌာန်းဖို့ လိုအပ်

အမျိုးသား မြေအသုံးချမှု ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဗန်ထီးယူ အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂ရက် (ဆင်ဟွာ)

မြေယာ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှု၊ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် တည်ဆဲ မြေယာ ဥပဒေများ ကို လွှမ်းခြုံသော အမျိုးသား မြေဥပဒေ တစ်ရပ် ပြဌာန်းပေးဖို့လိုအပ်ကြောင်း ဒုတိယ သမ္မတ၊ အမျိုးသား မြေအသုံးချမှု ကောင်စီ ဥက္ကဋ္ဌ ဦးဗန်ထီးယူက ယနေ့ ပြောကြားသည်။

“မြေ အသုံးချ စီမံခန့်ခွဲရာမှာ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ အမျိုးသား မြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဖို့အတွက် မြေယာ စီမံခန့်ခွဲမှုနဲ့ ဆက်စပ်နေတဲ့ လက်ရှိ ဥပဒေများကို လေ့လာ ဆန်းစစ်ပြီး ပြည်သူ အကျိုးပြုနိုင်မယ့် မူဝါဒ၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနဲ့ စီမံခန့်ခွဲမှု ပုံစံများ ဖြစ်ပေါ်လာစေရေးအတွက် အဆိုပါ ဥပဒေများကို လွှမ်းခြုံတဲ့ အမျိုးသား မြေဥပဒေ တစ်ရပ်ကို ရေးဆွဲ ပြဌာန်းပေးဖို့ လိုအပ်ပါတယ်” ဟုနေပြည်တော် MICC II တွင် ယနေ့ ကျင်းပသော အမျိုးသား မြေအသုံးချမှု မူဝါဒ ဆိုင်ရာ ဖိုရမ်၌ ၎င်းက ပြောခဲ့သည်။

မြေအသုံးချမှု စီမံခန့်ခွဲရာတွင် အစိုးရက စီမံခန့်ခွဲသည့် မြေများအတွင်း ဝင်ရောက် အခြေချ နေထိုင် ကြသည့် အတွက် မြေယာ အငြင်းပွားမှုများ ကြုံတွေ့ရခြင်း၊ မြေဧရိယာ ကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမပေးနိုင်ခြင်း၊ တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအား ခေတ်စနစ်နှင့်အညီ ပြုပြင် ပြဌာန်း ဖို့ လိုအပ်ခြင်း၊ ကဏ္ဍအလိုက် ပြဌာန်းထားသော ဥပဒေများ ချိတ်ဆက်မှု မရှိခြင်း၊ သဟဇာတ မဖြစ် ခြင်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းများအား လိုက်နာမှု ဆောင်ရွက်မှု အားနည်းခြင်း၊ အဂတိ တရား ဖြင့် ဆောင်ရွက်မှုများ ရှိနေခြင်း၊ အသိပညာပေးမှု လိုအပ်ခြင်း၊ မြေအသုံးချမှု စီမံခန့်ခွဲ ရာတွင် စီးပွား ရေး အကျိုးအမြတ် အများဆုံး နှင့် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် မြေအသုံးချမှု ဦးစား ပေး အစီအစဉ်များ ကြိုတင် ရေးဆွဲမှု အားနည်းခြင်း၊ စီးပွားရေး လုပ်ငန်းများတွင် လူမှုဖွံ့ဖြိုးရေး တာဝန်ယူမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု အားနည်းပြီး ဒေသခံ ပြည်သူ များနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ မြေအသုံးချမှု စီမံကိန်း ရေးဆွဲခြင်းနှင့် မြေအသုံးချမှု အခွင့်အရေးများ ကို အများပြည်သူတို့ ပါဝင် အတည်ပြုဖို့ လိုအပ်ခြင်း၊ မြေသယံဇာတ အချက်အလက်များနှင့် မြေပုံ များ တိကျမှန်ကန်မှု မရှိခြင်း၊ မြေပြင်၌ လက်တွေ့ စီမံခန့်ခွဲဖို့ ခက်ခဲခြင်း၊ ဆက်စပ်ဌာနများ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်ခြင်း စသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ နေရကြောင်းလည်း အမျိုးသား မြေအသုံးချမှု ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့သည်။

အမျိုးသား မြေအသုံးချမှု မူဝါဒ ဆိုင်ရာ ဖိုရမ် ကျင်းပနေစဉ် (ဆင်ဟွာ)

အမျိုးသား မြေအသုံးချမှု မူဝါဒ ဆိုင်ရာ ဖိုရမ်သို့ ဒုတိယ သမ္မတ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အမျိုးသား မြေအသုံးချမှု မူဝါဒ ဆိုင်ရာ ဖိုရမ် ပြခန်းများသို့ လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “အထူး လိုအပ်ချက်အရ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိတဲ့ လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်း ခံံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ ဖွဲ့စည်းထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီ၊ လယ်ယာမြေ ဥပဒေအရ ဖွဲ့စည်း ဆောင်ရွက်ထားတဲ့ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ တို့နဲ့ အမျိုးသား မြေအသုံးချမှု ကောင်စီတို့အကြား မြေစီမံခန့်ခွဲမှုအကြောင်းအရာများပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ်ရမှာ ဖြစ်ပါတယ်” ဟု ပြောခဲ့ပြီး အမျိုးသား မြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ရှင်းလင်း ပြော ကြားခဲ့သည်။

အဆိုပါ ဖိုရမ်သို့ အမျိုးသား မြေအသုံးချမှု ကောင်စီ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်ကို ညနေ ၅ း ၃၀ နာရီအထိ ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.