Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးရှိ လွှတ်တော်သစ် ၉ဝ ရာခိုင်နှုန်း ပြီးစီး

မန္တလေးတိုင်းဒေသကြီးရှိ တည်ဆောက်နေသော လွှတ်တော်သစ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ် ဥပုသ်တော်ရပ်ကွက်မန္တလေး-မတ္တရာကားလမ်း အနီးတွင် တည်ဆောက်နေသော လွှတ်တော်သစ်သည် ၉၀ရာခိုင်နှုန်းပြီးစီးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လွှတ်တော်ကို ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်တည်ဆောက်ခဲ့ရာ၂ဝ၁၇ခုနှစ် မေနောက်ဆုံးပတ်တွင် တည်ဆောက်မှု ၉ဝ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ဓာတ်လှေကား တပ်ဆင် ရန်သာ ကျန်ရှိကြောင်း၊ ယခု လွှတ်တော်ရုံးလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက် ခဲ့သော်လည်း ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှစတင်ကာ ဆောက်လုပ်နေသော လွှတ်တော်အသစ်၌ လွှတ်တော် ရုံး ဖွဲ့စည်းပုံဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်သစ်ကြီးတွင် လွှတ်တော် ခန်းမဆောင်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ဧည့်ခန်းမ၊ လွှတ်တော်ရေးရာကော်မတီရုံးခန်းများ၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် အိပ်ဆောင်များ၊ လုံခြုံရေး ဂိတ်၊ ယာဉ်ရပ်နားရန်နေရာများ ပါဝင်တည်ဆောက်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.