Connect with us

Politics, Law & Military

တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ခြင်း ပြင်ချက် အပါအဝင် အပါအဝင် ပြင်ဆင်ချက် ၁၈ ခုလုံး မူလပြဌာန်းချက်အတိုင်း ထားရှိရန် အတည်ပြု

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၇ ရက်(ဆင်ဟွာ)

ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈ခုနှစ်)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများအနက် ပုဒ်မ ၄၃၆ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၈ ခုတို့ကို စုစည်း ထားသော ဆန္ဒမဲ လက်မှတ် ငါးစောင်အနက် လက်မှတ်နံပါတ် (၂)အတွက် မဲခွဲခြင်းအား ယနေ့ ပြည် ထောင်စု လွှတ်တော်၌ ဆောင်ရွက် ခဲ့ရာ  တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ခြင်း ဆိုင်ရာ ပြင်ဆင်ချက် အပါအဝင် ပြင်ဆင်ချက် ၁၈ ခုစလုံး အတွက် ရရှိသော ထောက်ခံမဲမှာ လွှတ် တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလ ပြဌာန်းချက်များအတိုင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သည်။

ယနေ့ ဆန္ဒမဲ ပေးခဲ့ကြသည့် ပုဒ်မ ၄၃၆ (ခ) တွင် အကျုံးဝင်သည့် ဆန္ဒမဲ လက်မှတ် (၂) ပါ ပြင်ဆင် ချက် ၁၈ ချက်တို့တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် ပြင်ဆင် သည့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး အရည်အချင်းဆိုင်ရာ ပုဒ်မ ၂၃၂ (က)၊ (ခ) ၊ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ပြင်ဆင် သည့် “ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တာဝန်ပေးခြင်း ခံရ သော တပ်မတော်သားများသည် တာဝန်ပေးခြင်းခံရသည့် နေ့မှ စ၍ တပ်မတော်မှ အငြိမ်းစား ယူပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဟူ၍ ပုဒ်မ ပုဒ်မ ၂၃၂ (ည) (၂) ပြင်ဆင်ချက်၊ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း ပြင်ဆင်ချက် တင်သွင်းသည့် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းဆိုင်ရာ” ပုဒ်မ ၂၆၁(ခ) တို့လည်း ပါဝင်ခဲ့ပြီး အဆိုပါ ပြင်ဆင်ချက် အားလုံး အတွက် ထောက်ခံမဲ ရရှိမှုသည် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် မူလ ပြဌာန်းချက် အတိုင်း ထားရှိရန် နာယကက ကြေညာခဲ့ခြင်းဖြစ်သည်။ပုဒ်မ ၄၃၆ (ခ) အောက်ရှိ ဆန္ဒမဲ လက်မှတ် (၃) အတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၈ ရက်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117