Connect with us

Politics, Law & Military

မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်မှ တရားမဝင်ပစ္စည်း ကျပ် ၃၃သန်းခန့် ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င် ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်မှ တရားမဝင်ပစ္စည်းများအား ဖမ်းဆီးစစ်ဆေးရာ နိုဝင်ဘာ ၇ ရက်နေ့တွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃ ဒသမ ၈၃ဝ သန်းခန့် တန်ဖိုးရှိ တရားမဝင်ပစ္စည်းများအား ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်သို့သွားရောက်မည့် Nissan ၁၂ ဘီးယာဉ် တစ်စီးအား မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ နိုဝင်ဘာ ၇ ရက်နေ့က တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ကန့်သတ်ကုန်ပစ္စည်း ဖြစ်သည့် ဘေထုပ် (1 _50 Kg) (100) Pkgs နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ် တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃ ဒသမ ၅ သန်းခန့်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင် တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၇ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု လေးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒသမ ၈၆ဝသန်းခန့်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီးမှု သုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃ ဒသမ ၈၃ဝ သန်းခန့် စုစုပေါင်းတားဆီးမှု ခုနစ်မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၄ဝ ဒသမ ၆၉ဝ သန်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.