Connect with us

Politics, Law & Military

ကျပ်သိန်း ၅,၀၀၀ဆု ရထီလက်မှတ် အတုဖြင့် ဆုငွေထုတ်ယူသူအားအရေးယူ

၈ကြိမ်မြောက်ထီပေါက်စဉ်အားတွေ့ရစဉ် (ဓာတ်ပုံ-- ထီပေါက်စဉ်)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ကျောက်တံတားမြို့နယ်၌ (၆)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် မှ ကျပ်သိန်း ၅,၀၀၀ဆု ရထီလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အတုဖြစ်သဖြင့် ဆုငွေထုတ်ယူသူအားအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ ရုံးချိန်အတွင်း ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် အမှတ်(၃၈၃)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသို့ ၁၁ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ ဒေါ်စောဝင်းဖြူ ရောက်ရှိလာပြီး (၆)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် (၅,၀၀၀)သိန်း ဆုရလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အတုဖြစ်သဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနအောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုညွှန်မှူးဒေါ်အိအိခိုင်က တိုင်တန်း၍ ဒေါ်စောဝင်းဖြူအား ကျောက်တံတားမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၆၈(အတုပြုလုပ်မှု)ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတားမြို့မရဲစခန်း (က/ခ)ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.