Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင်း အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများနှင့် အပြန်အလှန်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွား

မောင်တောမြို့နယ်ရှိ နေအိမ်များအား မီးရှို့ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကျားခေါင်းတောင်နှင့် နတ်ချောင်း ရဲကင်းစခန်းတို့တွင် ယနေ့ သြဂုတ် ၂၅ရက်နေ့ နေ့လည် ၁၂နာနာရီခန့်ထိ အစွန်းရောက်အကြမ်းဖက် သမားများနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်း အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းထိ တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၁ဦး ကျဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး ရဲကင်း၊ရဲစခန်းများမှ လက်နက်ငယ် ၅ လက် ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက် သမားများထံ ပါသွားကြောင်း၊ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်ရာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခု အား ယနေ့နံနက် တစ်နာရီခန့်တွင် ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖောက်ခွဲကာ လက်နက်ငယ် များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း တုတ်၊ ဓားကိုင်ဆောင်ထား သော အင်အားများဖြင့် တိုက်ခိုက်ခြင်းနှင့် တံတားများမိုင်းဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့်နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားသော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေများက ပြန်လည် ပစ်ခတ်ခဲ့၍ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများအား ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.