Connect with us

Politics, Law & Military

မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ် သိန်း ၁၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူနှစ်ဦး နှင့် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ် သိန်း ၁၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ၁၁း၀၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနား မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တူးအောင် မောင်းနှင်ပြီး ဇော်ဘောက်အောင် လိုက်ပါလာသည့် မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ် ၏ ဆီတိုင်ကီအံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၆၆ ခွက် (ဘိန်းဖြူ အလေးချိန် သုည ဒသမ ၆၉၃ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၂,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် တူးအောင် (၂၂)နှစ်နှင့် ဇော်ဘောက်အောင်(၂၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.