Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ လုပ်သား အင်အား စစ်တမ်းကို ၂၀၁၇ တွင် နှစ်ကြိမ် ကောက်ယူမည်

အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် အဖွင့်စကား ပြောကြားစဉ်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နှစ်စဉ် လုပ်အား အင်သား စစ်တမ်း ကောက်ယူမှုကို ၂၀၁၇ ခုနှစ်၌ နှစ်ကြိမ်ကောက်ယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ယနေ့ ပြောကြားသည်။

“၂၀၁၇ ခုနှစ် နှစ်စဉ် လုပ်သား အင်အား စစ်တမ်း (ပထမအကြိမ်)ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ စာရင်းကောက်ကွက် ၇၈၀ မှ အိမ်ထောင်စု ၁၄၀၄၀ ကို ကောက်ယူမှာ ဖြစ်ပြီး စစ်တမ်း ဒုတိယ အကြိမ်ကို စက်တင်ဘာ၊ အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာ ကောက်ယူပြီး ၂၀၁၇ ဒီဇင်ဘာလမှာ အစီရင် ခံစာ ရေးသားထုတ်ပြန်သွားပါမယ်” ဟု နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ယနေ့နံနက် ၁၀ နာရီ၌ ပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်စဉ် လုပ်သား အင်အား စစ်တမ်း (ပထမအကြိမ်) ကွင်းဆင်း စာရင်းကောက်ယူခြင်း သင်တန်း ဖွင့်ပွဲတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် နှစ်စဉ် လုပ်သား အင်အား စစ်တမ်း (ပထမအကြိမ်) ကွင်းဆင်း စာရင်းကောက်ယူခြင်း သင်တန်း ဖွင့်ပွဲ ကျင်းပနေစဉ်။

မြန်မာနိုင်ငံသည် လုပ်သား အင်အား၊ ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ဝင်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်းကို ၂၀၁၅ ခုနှစ်တွင် ကောက်ယူနိုင်ခဲ့သည့် အတွက် လုပ်သား ဈေးကွက် သတင်းအချက်အလက်များ၊ အလုပ် လက်ရှိ၊ အလုပ်လက်မဲ့၊ လုပ်သား အင်အား၊ အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ် အတွင်း ရှိ လူဦးရေ၊ ကလေးလုပ်သားများ၏ အခြေအနေ၊ လူငယ်များ၏ ကျောင်းအပြီး လုပ်ငန်းခွင် ကူးပြောင်းမှု ပုံစံ၊ စသည့် အသေးစိတ် အချက်အလက်များကို သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အတွက် စီးပွားရေးနှင့် လူမှုရေး မူဝါဒများ ချမှတ်ရာတွင် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ယခင်က မပေးပို့နိုင်ခဲ့သည့် ဒေသတွင်း၊ နိုင်ငံတကာတို့နှင့် နှိုင်းယှဉ်သည့် စာရင်းဇယားများကို ပေးပို့နိုင်လာကြောင်း၊ အဆိုပါ ၂၀၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်းမှ ရရှိခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်နိုင်ရေးအတွက် လုပ်သားအင်အား စစ်တမ်းကို နှစ်စဉ် ကောက်ယူသွားရန် ယခုကဲ့သို့စီစဉ်ခြင်း ဖြစ်ကြောင်းလည်း ဦးမျိုးအောင်က ရှင်းပြသည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး အခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ရာသီချိန် လုပ်သားများရဲ့ အခြေအနေကို သိရှိနိုင်ဖို့ တစ်နှစ်မှာ နှစ်ကြိမ် ခွဲပြီး ကောက်ယူသွားပါမယ်၊ နောင်နှစ်တွေမှာ Quarterly ကောက်ယူဖို့စီစဉ်သွားပါမယ်၊ ဒါ့အပြင် သုံးနှစ် တစ်ကြိမ်၊ သို့မဟုတ် ငါးနှစ် တစ်ကြိမ် ပြည့်စုံတဲ့ စာတမ်းကြီး ကောက်ယူဖို့လည်း စီစဉ်ထားပါတယ်” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးအောင်က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.