Connect with us

Politics, Law & Military

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ခဲ့မှုများအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြည်သူသို့တင်ပြ

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားသတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာရန်နှင့် ရေကြီးရေလျှံမှု မရှိစေရေးကိစ္စရပ်များ၊ ယာဉ်ကြောကျပ်တည်းမှုများ နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအပါအဝင် တစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောင်ရွက်ခဲ့မှုများအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြည်သူသို့ ယနေ့တင်ပြခဲ့သည်။

ဦးဖြိုးမင်းသိန်းက “ရန်ကုန်တိုင်းရဲ့ ပြင်ပမှာ ရှိတဲ့ မြို့နယ် ၁၂ မြို့နယ်ဟာ ဖွံ့ဖြိုးမှု နောက်ကျခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူးစီမံကိန်းအဖြစ်နဲ့ ကျပ်၃၂ ဘီလီယံကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့သော်ငြားလည်း ရန်ကုန်တိုင်းရဲ့ အဝင်မှာဖြစ်တဲ့ ငမိုးရိပ်ချောင်းရိုးတကျော ရေကြီးရေလျှံမှုကို တားဆီးနိုင်ခဲ့ပါတယ်။’’ ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ ငမိုးရိပ်ချောင်းရိုးတကျောတွင် ရှိသည့် လှည်းကူး၊ ဒဂုံမြို့သစ်ဖက်အခြမ်းများတွင် ရေကြီးရေလျှံမှုများ လျှော့ပါးသွားခဲ့ကြောင်း၊ တိုက်ကြီး၊ မှော်ဘီဘက် တကြောမှာသာ ရေကြီးရေလျှံမှုများရှိခဲ့ကြောင်း၊ ထိုရေကြီးရေလျှံမှုများသည်လည်း ဧရာဝတီမြစ်ရေ နှင့် သက်ဆိုင်ကြောင်း၊ ရန်ကုန် လှိုင်မြစ်နှင့် ဧရာဝတီမြစ် အတွင်းရေကြီးရေလျှံမှုများအား တားဆီးနိုင်ရန်အတွက် ဘဏ္ဍာငွေ ကျပ်၈ဘီလီယံလောက် လျာထားပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှု အခြေအနေ တွေ့ရကြောင်း၊ အဆိုပါအခြေအနေများအား ဖြေရှင်းနိုင်ရန်အတွက် လမ်းမပေါ်တွင် ဈေးရောင်း နေသည့် သူများအား စနစ်တကျ နေရာချထားရေး အစီအစဉ်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

YBS ဘတ်စ်ကားလမ်းပြေးဆွဲစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ ရှိ မြို့တော်ခန်းမအားတွေ့ရစဉ် (ဆင်ဟွာ)

ဦးဖြိုးမင်းသိန်းက “ကုန်သေတ္တာယာဉ်တွေကို ညဘက်မှာ ထွက်နိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဒီအခြေအနေဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်းမှုကို အထောက်အကူပြုမယ့် နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ ဆိပ်ကမ်းတွေ တည်ရှိရာနေရာကနေ ရေကြောင်းလမ်းကသာ သယ်ယူမယ်ဆိုရင် စရိတ်စက လည်း ပိုပြီးသက်သာနိုင်ပါတယ်။ ခရီးမိုင်အားဖြင့် လည်းပိုပြီးတိုသွားနိုင်ပါတယ်။ အစပိုင်း အပြောင်းအလဲတစ်ရပ်မှာတော့ အခက်အခဲ ရှိကောင်းရှိနိုင်ပေမယ့် အခုအခြေအနေမှာတော့ အောင်မြင်မှုရလဒ်တွေကို ကျွန်တော်တို့ရနေပြီဖြစ်ပါတယ်။’’ ဟုပြောကြားခဲ့သည်။ ဘတ်စ်ကားယာဉ်လိုင်းများအား အနှစ် ၅၀ ကျော် ဆောင်ရွက်ခဲ့မှု တစ်ရပ်ကို ရပ်ဆိုင်းခဲ့ကြောင်း၊ စနစ်အပြောင်းအလဲတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ စနစ်ကို စတင်ရန် အတွက် YBS စနစ်ကို စတင်ခဲ့ကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးဟာ ၃ ရက်တာ ကာလလောက်အတွင်းမှာပဲ စနစ်တကျပြောင်းလဲ နိုင်ခဲ့ကြောင်း ဆိုသည်။

“ကားတွေကို အဆင့်မြင့် တင်နိုင်ဖို့၊ ကားတွေကို GPS စနစ်နဲ့ အော်ပရေတာ အဖွဲ့ကနေ ထိန်းချုပ် နိုင်ဖို့ ဘတ်စ်ကားပိုက်ဆံပေးတဲ့ စနစ်ကို ငွေပေးကတ်နဲ့ ပေးနိုင်ဖို့ ဆိုတဲ့ အခြေအနေတွေကို ကြိုးစားဆောင်ရွက်နေပါတယ်။ ကားသစ်ပေါင်း ၃၀၀၀ လောက်ကို ဝယ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေထဲကနေ ကျပ်ဘီလီယံ၇၀ လောက် သုံးစွဲဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ကားတွေက မှတ်တိုင်မှာ ဘယ်လောက်ကြာကြာရပ်တယ်။ လမ်းမှာ ဘယ်လောက်ကြာတယ်။ ဂိတ်စ၊ ဂိတ်ဆုံး ပြေးဆွဲမှု ရှိမရှိဆိုတာကို Traffic Control Center ကနေ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းနိုင်ဖို့ တကယ့်မီးပွိုင့်စနစ်တစ်ရပ်ကိုလည်း ပြုပြင်ပြောင်းလဲပြီးပြီဖြစ်ပါတယ်။’’ ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဓိကစီမံချက် တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမည်သို့ ရှေ့ဆက်ဆောင် ရွက်မည်ကို ရေးဆွဲပြီးဖြစ်ကြောင်း၊ ညောင်နှစ်ပင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အဓိကစင်တာကြီးတခုကြိုးပမ်းဖို့အတွက် ရှေ့ပြေးစီမံကိန်း များ စတင်နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်သည့်နေရာတွင် လျှပ်စစ်မီးက အရေးကြီးကြောင်း၊ လျှပ်စစ်အတွက် ကဏ္ဍ ၃ခုလုံး ထုတ်လုပ်မှု၊ သွယ်တန်းမှု၊ ဖြန့်ဖြူးမှု အပိုင်းတွေ ကောင်းမွန်အောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိမ်များတွင် သွယ်တန်းထားသည့် မီးကြိုးများကိုလည်း ရှုပ်ထွေးနေသည့် ဆားဗစ်ဝါယာကြိုးများအား ဆောင်ရွက်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ကဏ္ဍ၏ အထောက်အကူ တစ်ခု ဖြစ်သည့် စွမ်းအင်ကဏ္ဍတွင် LPG ဆိုင်များဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ LPG နှင့် မီးဖိုများကို အသုံးချနိုင်ရန် ဂက်စ်မီးဖိုများအား အိမ်တိုင်းတွင် အသုံးပြုနိုင်ရန်အတွက် အတွက်ပြင်ဆင်နေကြောင်း၊ အိမ်ယာစီမံကိန်းအသစ်များ၊ မြို့ပြစီမံကိန်းအသစ်များ၊ အထူးစီးပွားရေးဇုန်များကို လည်းဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၂၀၀ ကျော်လောက်ကို ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်နေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့သည့် အတွင်းဝန်များရုံးကိုလည်း ရှေးဟောင်းအမွေအနှစ်တွေအတိုင်းပြန်လည်ထိန်းသိမ်းဖို့အတွက် တိုင်းဒေသကြီး အစိုးရဘက်က တိုက်ရိုက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်နေကြောင်း၊ ကျေးလက်ဒေသအခြေပြုသည့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကိုလည်း တွံတေးဘက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.