Connect with us

Politics, Law & Military

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်၍ ခရီးသည်(၅)ဦးသေဆုံး (၁၅)ဦးဒဏ်ရာရ

ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသည့် Eliteခရီးသည် ပို့ဆောင်ရေးယာဉ် တိမ်းမှောက်သည့် မြင်ကွင်းပုံ (ဓာတ်ပုံ- M.O.I ဖေ့ဘွတ် စာမျက်နှာ)

ရန်ကုန်၊ မေ၃၁ရက် (ဆင်ဟွာ)

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် မေလ (၃၁)ရက် နံနက် (၃း၃၀) နာရီက ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသည့် Eliteခရီးသည် ပို့ဆောင်ရေး ယာဉ်အမှတ် YGN (2G-7504)သည် လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်သဖြင့် (၅)ဦး သေဆုံးကာ (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင်သတင်းထုတ်ပြန်သည်။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/ဝ) တံတားဦးမြို့အရှေ့ဘက် ဆုံကုန်းအဝိုင်း ရှိ လမ်းလယ်ကျွန်းအား တိုက်မိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ Eliteခရီးသည်ပို့ဆောင်ရေး ယာဉ်သည် ရန်ကုန်- မန္တလေး – ပြင်ဦးလွင် ခရီးစဉ်မောင်းနှင်လာစဉ် ဆုံကုန်း အဝိုင်း လမ်းလယ်ကျွန်း အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများအား ပြုစုနိုင်ရေးအတွက် အနီးဆုံးဖြစ်သည့် တံတားဦးမြို့ နယ် ဆေးရုံ တွင် ရှေးဦးစွာ ကုသပြုစုပေးခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါယာဉ်မတော်တဆ မှုကြောင့် မ(၄)ဦး၊ ကျား (၁)ဦးသေဆုံးခဲ့ပြီး ကျား(၁၀)ဦး၊ မ(၅)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် ခရီးသည် ကျား (၂၀)ဦး၊ မ(၁၅)ဦးပါရှိခဲ့ပြီး ယာဉ်မောင်း အား ပ-၉/၂၀၁၅ ပြစ်မှုပုဒ်မ – ၃၃၇/၃၃၈/၃၀၄(က)အရ အမြန်လမ်းမကြီးရဲစခန်း (စကားအင်း)က တရားစွဲဆိုထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.