Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၆ဒသမ၅ ဧက ဖျက်ဆီးရှင်းလင်း

ဘိန်းခင်းတစ်ခုအားဖျက်ဆီးနေစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၆ဒသမ၅ ဧက ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ၀၇၀၀ အချိန်မှ ၁၅၅၀ အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဗန်းစောက်ကျေးရွာ၊ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မမှ ၁ ပေခန့်ရှိ ဖွံ့ဖြိုး/သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ၀၇:၃၅ နာရီ အချိန်မှ ၁၇:၀၀ နာရီ အချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၊ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့် သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၅ ဧကခန့် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ၀၈:၀၀ အချိန်မှ ၁၅:၀၀ အချိန်ထိ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ ကောင်းဆောင်ကျေးရွာ၊ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၀၉:၀၀ အချိန်မှ ၁၆:၀၀ နာရီအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ထမ့်ယမ်းကျေးရွာ၊ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.