Connect with us

Politics, Law & Military

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ ကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ 

သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) 

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် ငွေ ကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၅ ရက်တွင် ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် မသင်္ကာဖွယ် အဆောက်အဦး ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်းမှ မိုးကာဖြင့်အုပ်ထားသော အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃,၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.