Connect with us

Politics, Law & Military

လျှပ်စစ်ကဏ္ဍ ယာဉ်ကြော ကျပ်တည်းမှုနှင့် ကျူးကျော်ပြဿနာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဦးစားပေး ဖြေရှင်းသွားမည်

ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ်ဆို့မှု တစ်ခုအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန်၃ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အများပြည်သူ အဆင်ပြေစေရေးနှင့် မြို့တော်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လျှပ်စစ်ကဏ္ဍ၊ ယာဉ်ကြောကျပ်တည်းမှုနှင့် ကျူးကျော်ပြဿနာ စသည့် ကဏ္ဍကြီး သုံးခုကို ဦးစားပေးဖြေ ရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်သောင်းက Mekong-Rok Business Forum ၌ ပြောကြားခဲ့သည်။

လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ဖြန့်ဖြူးမှု ပြဿနာ ဖြေရှင်းနိုင်ရန်မှာ အခက်အခဲများစွာ ရှိနိုင်ပြီး ကေဘယ်လ်ကြိုး များ ပြုပြင်ခြင်းနှင့် ခေတ်မီစေရန် စနစ်တကျ လုပ်ဆောင်စေခြင်းတို့မှာလည်း လျှပ်စစ်ကဏ္ဍအတွက် လိုအပ်သော ပြုပြင်မှု အပိုင်းများပင်ဖြစ်ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှု အပိုင်းတွင် ရန်ကုန်မြို့တွင်း၌ မော်တော်ယာဉ် သွားလာမှု များပြား သည့်နေရာများနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ လိုအပ်သော အချက်အလက်များကို စုစည်းပြီးပါက စီမံချက်ရေးဆွဲခြင်းကို ဦးစွာလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်ဖြစ်သည့် သယ်ယူပို့ဆောင်ရေးနှင့် ပြောင်းရွှေ့ခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးပါက အမှန်တကယ် လိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျူးကျော်ပြဿနာကို စနစ်တကျ ဖြေရှင်းရေးအတွက် ပထမဆုံးအနေဖြင့် လိုအပ်သော စာရင်းဇယား ကောက်ယူမှုကို ဦးစွာလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။အဆိုပါ ကဏ္ဍကြီးသုံးခုတွင် ငွေကြေး ဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများအတွက် ကုန်ကျမည့်ငွေကြေးနှင့် လုပ်အား ရရှိနိုင်မှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား ရမည်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်ဆောင်နိုင်ရန် ပြည်သူများ ပူးပေါင်းပါဝင်မှသာ လွယ်ကူ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.