Connect with us

Politics, Law & Military

၂၁ ရာစု ပင်လုံညီလာခံသို့နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ တက်ရောက်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကြိုတင် ပြင်ဆင်ရေး ကော်မတီနှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီတို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-Hla Maung Shwe)

ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံသို့နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ( National Socialist Council of Nagaland- NSCN-K) မှ တက်ရောက်သွားမည် ဖြစ်ကြောင်း ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ဆင်ဟွာသို့ယနေ့ဇူလိုင်လ ၂ ရက်တွင် ပြောသည်။

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ သို့ တက်ရောက်မည် ဖြစ်သော်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေးထိုးရေး ကိစ္စအား ခေါင်းဆောင်ပိုင်းများနှင့် ပြန်လည် တိုင်ပင်သွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီနှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီတို့သည် ယနေ့ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်သည့် ညီလာခံမတိုင်မီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမစတင်မီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ် မိုင်ဂျာယန်၌ တိုင်းရင်းသားညီလာခံတစ်ခုပြုလုပ်လိုပြီး အစိုးရအနေဖြင့် တရားဝင် ညွှန်ကြားချက် ထုတ်ပေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီသည် UNFC က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN)နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် သဘော တူညီ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၊ (၂၁) ရာစု ပင်လုံ ကို လာမည့် သြဂုတ်လ စတုတ္ထအပတ် နောက်ဆုံး ထားပြီး ကျင်းပသွားရန် သဘောတူညီထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117