Connect with us

Politics, Law & Military

လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးများ ဇူလိုင်လ ၂၅ ရက်တွင် စတင် ကျင်းပရန် ခေါ်ယူ

နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးများအား တွေ့ရစဉ် (ဓာတ်ပုံ- Pyithu Hluttaw)

ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးများကို နေပြည်တော်၌ ဇူလိုင်လ ၂၅ ရက်တွင် စတင် ကျင်းပရန် လွှတ်တော် နာယက နှင့် ဥက္ကဋ္ဌများက ကြေညာချက်များ အသီးသီး ထုတ်ပြန် ခေါ်ယူလိုက်သည်။

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်တွင် နေ့လည် ၁ နာရီခွဲ အချိန်တွင် လည်းကောင်း ၊ အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး နှင့် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး တို့ကို နံနက် ၁၀ နာရီ အချိန်တွင် လည်းကောင်း အသီးသီး ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယ အကြိမ်မြောက် ကျင်းပ ပြုလုပ်ခဲ့သည့် လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများကို ဖေဖော်ဝါရီလမှ ဇွန်လ အထိ ၅ လ အကြာ ကျင်းပခဲ့ရာ အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၃ ရက်မှ ဇွန်လ ၁၀ ရက် အထိ လည်းကောင်း ၊ ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၁၀ ရက် အထိ လည်းကောင်း ၊ ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်မှ ဇွန်လ ၆ ရက် အထိ လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.