Connect with us

Politics, Law & Military

အိမ်ထောင်စုစာရင်း သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် မသင်္ကာသူ တရားခံ ၅ ဦး ဖမ်းဆီး

မောင်တောမြို့နယ်တွင်း ရွာသားတစ်ဦး အသတ်ခံရသော နေရာပြမြေပုံ (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အိမ်ထောင်စုစာရင်း သတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် မသင်္ကာသူ တရားခံ ၅ ဦး ဖမ်းဆီးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက် ပိုင်းမှ စတင်၍ မောင်တောမြို့နယ် နယ်မြေ ၆ ကပ္ပကောင်းကျေးရွာ အတွင်း လှည့်ကင်းဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုစာရင်းသတ်မှတ်ချက်နှင့် ပြည့်စုံမှုမရှိသည့် ကန်တဲ့ကျေးရွာနေ လူ ၅ ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်း၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ၊ ဖိုးခေါင်ချောင်း ကျေးရွာနေသူတစ်ဦးကို ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီက နေအိမ်၌ အိပ်ပျော်နေစဉ် အစွန်းရောက် အကြမ်းဖက်သမား (စိစစ်ဆဲ) တစ်ဦးမှ ဓားဖြင့်ခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.