Connect with us

Politics, Law & Military

၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာနှင့် တန်ဖိုးမြင့် အိမ်ရာ အခန်းပေါင်း ၃၀,၀၀၀ တည်ဆောက်မည်

ရန်ကုန်မြို့ရှိ တိုက်ခန်းတစ်ချို့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အတွင်း တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာနှင့် တန်ဖိုးမြင့် အိမ်ရာများ အပါအဝင် ပြည်သူ့အငှား အိမ်ရာ စသည်တို့ မှ အိမ်ခန်းပေါင်း ၃၀,၀၀၀ နီးပါး တည်ဆောက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ် ပြန်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း တန်ဖိုးနည်း အိမ်ရာ ၁၁,၁၆၀ ခန်း၊ တန်ဖိုးသင့် အိမ်ရာ ၆၈၂၉ ခန်း၊ တန်ဖိုးမြင့် အကျိုးတူအိမ်ရာ ၄၃၈၂ ခန်း၊ ပြည်သူ့အငှားအိမ်ရာ ၅၁၅၆ ခန်း နှင့် ဝန်ထမ်း အိမ်ရာ ၁၈၃၀ ခန်း စုစုပေါင်း ၂၉,၃၅၇ ခန်း ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ ပြုလုပ်သည့် မြို့ပြ နှင့် အိမ်ရာ လိုအပ်ချက်များ အား ခေတ်အလိုက်ဖြည့် ဆည်းဆောင်ရွက် ပေးမှု ညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အနေ ဖြင့် မြန်မာ တစ်နိုင်ငံလုံး ၌ တန်ဖိုးသင့် နှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်း ၁၉ ခု အကောင်အထည် ဖော်နေပြီး ယခု အခါ ရန်ကုန်တိုင်း ဒေသကြီး အတွင်း အထပ်မြင့် အိမ်ရာ စီမံကိန်း တစ်ခုနှင့် တန်ဖိုးနည်း အိမ်ရာ ၁၀ ခု ဆောက် လုပ်နေကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် များ၌ တန်ဖိုးနည်း အိမ်ရာ စုစုပေါင်း ၂၀၂၉၈ ခန်း၊ တန်ဖိုးသင့် အိမ်ရာ စုစုပေါင်း ၇၁၃၆ ခန်း နှင့် ဝန်ထမ်း အိမ်ရာ စုစုပေါင်း ၂၅၉၆ ခန်း၊ တည်ဆောက် နိုင်ခဲ့ပြီး အကျိုးတူ အိမ်ရာ စုစုပေါင်း ၆၀၂၉ ခန်း ကိုလည်း တည်ဆောက် ပေးလျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မှသတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.