Connect with us

Politics, Law & Military

၂၀၁၇ ခုနှစ်အတွင်း အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ ပြင်ဆင် သတ်မှတ်ကြောင်း ကြေညာ


ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

၂၀၁၇ ခုနှစ် ပြက္ခဒိန် နှစ်အတွင်း အများပြည်သူ တို့၏ အလုပ်ပိတ်ရက်များအား ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ယနေ့ မတ် ၁၀ ရက်တွင် အမိန့်ကြေငြာစာ အမှတ်(၃၁/၂၀၁၇)ဖြင့် ပြည်ထောင်စုအစိုးအဖွဲ့မှ ထုတ်ပြန် ကြေညာ ခဲ့သည်။

ယခု ပြင်ဆင် သတ်မှတ်ချက်များ အရ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက် ၅ ရက်အား သြင်္ကန် အကြို၊ အကျ၊ အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက် အဖြစ် သတ်မှတ်ပြီး သီတင်းကျွတ် ရုံးပိတ်ရက်အား အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့်ကျော် ၁ ရက်နေ့ အဖြစ် ၃ ရက် သတ်မှတ်ကာ တန်ဆောင်တိုင် ရုံးပိတ်ရက်အား အဖိတ်နေ့၊ လပြည့်နေ့ ၂ ရက် သတ်မှတ်၍ နှစ်သစ်ကူးရုံးပိတ်ရက်များအား ဒီဇင်ဘာ ၃၀ ၊ ၃၁ ရက် အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန်ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ထို့အတူ New Year Eve ထုံးစံအရ ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ ရက်နေ့များကို ပုံမှန် ရုံးပိတ်ရက်အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ၊ ယခု ရုံးပိတ်ရက်များမှာ ၂၀၁၇ ပြက္ခဒိန်နှစ်အတွက် ဖြစ်ပြီး ၂၀၁၈ ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှာ ရုံးပိတ်ရက် ဖြစ်လာမည်ဟု ရှင်းလင်းခဲ့သည်။၂၀၁၇ ခုနှစ် နှစ်သစ်ကူး ရုံးပိတ်ရက်များ ဖြစ်သော သြင်္ကန် အကြိုနေ့ မတိုင်မီ ၁ ရက်မှ စ၍ ၁၀ ရက် တိတိ အစား သြင်္ကန် အကြိုနေ့မှ နှစ်ဆန်း တစ်ရက်နေ့ အထိ ၅ ရက်သာ သတ်မှတ်ပြီး ကျန်ရှိသည့် ရုံးပိတ်ရက် ၅ ရက်အား သီတင်းကျွတ် ရုံးပိတ်ရက်များ ၊ တန်ဆောင်တိုင် ရုံးပိတ်ရက်များ နှင့် နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ဖြည့်တင်း၍ ယခု ၂၀၁၇ ခုနှစ် ပြက္ခဒိန် နှစ်အတွင်း ယခုကဲ့သို့ ပြင်ဆင် သတ်မှတ် လိုက်ကြောင်း သိရသည်။(Xinhia)