Connect with us

Politics, Law & Military

အစိုးရ၏ ပထမတစ်နှစ်တာဆောင်ရွက်ချက်များ ပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းမှုစတင်

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

အစိုးရ မဏ္ဍိုင် ၃ ရပ်၏ ပြည်သူ့အတွက် ပထမတစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိနိုင်ရန် ရှင်းလင်း ဆောင်ရွက်ချက် အဖြစ် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်၏ ဆောင်ရွက်ချက်များအား ယနေ့ မတ် ၁၀ ရက်တွင် စတင် ရှင်းလင်းခဲ့သည်။

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်၏ နာယက ဖြစ်သူ မန်းဝင်းခိုင်သန်းက လွှတ်တော်၏ အဓိက လုပ်ငန်း တာဝန်များ ၊ ဆောင်ရွက်ချက်များ ၊ အစိုးရ အဖွဲ့အား ရွေးချယ် တင်မြှောက်နိုင်ခဲ့မှု အခြေအနေများ ၊ ဥပဒေများ ပြဌာန်း ဆောင်ရွက် နိုင်မှု အခြေအနေများ ၊ ကျန်ရှိသည့် သက်တမ်း အတွင်း ဥပဒေများ ဆက်လက် ပြဌာန်းသွားမည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ထို့အတူ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကရင်ပြည်နယ် အတွင်း ဖွံ့ဖြိုး တိုးတက်မှု တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများ အပေါ် ရှင်းလင်း ပြောကြားခဲ့သည်။အစိုးရ မဏ္ဍိုင်ကြီး ၃ ရပ်၏ ပြည်သူ့အတွက် ပထမတစ်နှစ်တာ ဆောင်ရွက်ချက်များကို နိုင်ငံပိုင် ရုပ်သံလိုင်း တွင် မတ် ၁၀ ရက်မှ လည်းကောင်း ၊ နိုင်ငံပိုင် သတင်းစာများမှ မတ် ၁၁ ရက်တွင် လည်းကောင်း အသီးသီးစတင်၍ နေ့စဉ် ထုတ်လွှင့် ဖော်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)