Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဇွန်လ၌ ကျင်းပမည်

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း (Universal Peace Federation) ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဇွန်လတွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးကျင်းပနိုင်ရေးအတွက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း (Universal Peace Federation) ဥက္ကဋ္ဌ Dr. Thomas G. Walsh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီ ၂၀ ရက်ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၌ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းမှ ကျင်းပ ပြုလုပ်မည့် ကမ္ဘာ့ထိပ်သီး အစည်းအဝေး ၂၀၂၀ သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ရေးနှင့် တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအား မြန်မာအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်းတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း (Universal Peace Federation-UPF) ဥက္ကဋ္ဌ Dr.Thomas G.Walsh  နှင့်အဖွဲ့တိုအကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.