Connect with us

Politics, Law & Military

NCA စာချုပ်တွင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးမထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား စိတ်ဝမ်းမကွဲရန် အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်( NCA)တွင် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသော တိုင်းရင်းသားလက်နက်ကိုင်နှင့် လက်မှတ်ရေးမထိုးသော တိုင်းရင်းသား လက်နက်ကိုင်များကြား စိတ်ဝမ်းမကွဲရန် အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ပြီး ပြောကြားသော နှုတ်ခွန်းဆက်စကားတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားသည်။

အဆိုပါ NCA စာချုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရန် ပထမ အစ ခြေလှမ်းဖြစ်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးရန် မလွဲမသွေ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။မတရားအသင်း အဖြစ်မှ ပယ်ဖျက်ခံထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ပယ်ဖျက်မခံရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား နားလည်မှုမလွဲရန် ဂရုစိုက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

အမျိုးသားပြန်လည်သင့်မြတ်ရန် လိုအပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်မှုမရှိလျှင် ထာဝရငြိမ်းချမ်းရေး မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်းသည် အခြေအနေ အချိန်ကာလအရ လိုအပ်သလို ပြုပြင်နိုင်သည့် အခြေအနေရှိရမည်ဖြစ်ပြီး ပြန်လည်ပြင်ဆင်ရန် အခက်ခဲအချို့ရှိသဖြင့် အနာဂတ်လုပ်ငန်းများကို ချမှတ်ရာတွင် သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

NCA ပြဌာန်းချက်များအရ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) ကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ငါးရက်ကြာ နေပြည်တော်၌ ကျင်းပလျက်ရှိသည်။

ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117