Connect with us

Politics, Law & Military

Arakan Rohingya Salvation Army (ARSA) ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟုကြေညာချက်ထုတ်ပြန်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်များ နှင့် ယင်းအကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya Salvation Army (ARSA) တို့ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟု အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၇ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ မှ ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) ပါ လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု ကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှ ကို တားဆီးကာကွယ်သွားမည်ဖြစ် ကြောင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ကျူးလွန်သူများ၊ ငွေကြေးထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ ပူးပေါင်းကြံစည်သူများ အားလုံးကို ဥပဒေ နှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက်သမားများသည် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) ၊ ကိုးတန်းကောက်ရဲကင်းစခန်း နှင့် ငါးခူရယ်နယ်မြေရုံးများကို အလစ်အငိုက် အကြမ်းဖက် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်သည် ၎င်းဒေသတွင် နေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက် ဝါဒတိုးမြှင့်လာစေရန် အချိန်ယူစည်းရုံးသိမ်းသွင်းခဲ့ခြင်းဖြစ်သည် ဟု စစ်ဆေးဖော်ထုတ်ရရှိခဲ့ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.