Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲ (စစ်တွေ) သီဆိုယှဉ်ပြိုင်မှု ယာယီ ရွှေ့ဆိုင်း

ငြိမ်းချမ်းရေးဂီတပွဲတော် သီဆိုယှဉ်ပြိုင်မှု တစ်ခုအား တွေ့ ရစဉ်(ဓာတ်ပုံ-Peace Music Festival)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောဒေသ၌ သြဂုတ် ၂၅ ရက် ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေးဂီတပွဲတော်(စစ်တွေ)မှ နောက်ဆုံး အဆင့် ဆန်ခါတင် ၁ဝ ဦး သီဆိုယှဉ်ပြိုင်မှုအား ယနေ့သြဂုတ်၂၇ ရက်တွင် တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မည့် အစီအစဉ်အား ယာယီ ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည် ထုတ်လွှင့်နိုင်မည့်ရက်အား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

သို့သော် ကျန်ရှိသည့် ငြိမ်းချမ်းရေးဂီတပွဲတော်အစီအစဉ် များကို စက်တင်ဘာ ၃ ရက်တွင် နေပြည်တော်မှ စတင်၍ မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ငြိမ်းချမ်းရေးဂီတပွဲတော်ကို ဇူလိုင်လမှ စတင်ကျင်းပလာခဲ့ရာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဂီတ ဝါသနာရှင်များကို သြဂုတ် ၂၄ ရက်မှစတင်၍ အသံစစ်ဆေး ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲဝင်များထဲမှ နောက်ဆုံးအဆင့် ဆန်ခါ တင် ၁ဝ ဦး ထွက်ပေါ်ခဲ့ကာ သြဂုတ် ၂၇ ရက်တွင် သီဆိုယှဉ်ပြိုင်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117