Connect with us

Politics, Law & Military

နိုဝင်ဘာ ၁၃ ရက် နေ့ ညနေ ၄း ၀၀ နာရီအထိ အတည်ပြု လွှတ်တော် ကိုယ်စားလှယ် ၁၀၅၀ ဦး တို့၏ အမည်များကို UEC ကြေညာပြီးဖြစ်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ရှိ မဲရုံတစ်ခု၌ ဆန္ဒမဲများ ရေတွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ) သတင်းရေးသားသူ / စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးအတွက် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ပြီး ထုတ်ပြန်ကြေညာခဲ့ရာ ယန့ ညနေ ၄ : ၀၀ နာရီအထိ ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၁၀၅၀ ဦးတို့အား အတည်ပြု ကြေညာခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်များအနက် လွှတ်တော် သုံးရပ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ၈၇၆ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ၆၃ ဦး၊ ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၄၂ ဦး၊ ရခိုင် အမျိုးသား ပါတီမှ ၁၅ ဦး၊ မွန်ညီညွတ်ရေး ပါတီမှ ၁၂ ဦး တို့ ပါဝင်ပြီး ကျန်သည့် ၄၂ ဦးတို့မှာ အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြကြောင်း တွေ့ရှိရသည်။

ပြည်သူ့ လွှတ်တော်၌ NLD ပါတီမှ ၂၄၉ ဦး၊ USDP မှ ၂၂ ဦး၊ ရှမ်းတိုင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁၃ ဦး၊ ရခိုင် အမျိုးသား ပါတီမှ လေးဦး၊ မွန်ညီညွတ်ရေး ပါတီမှ နှစ်ဦး ရရှိထားပြီး အမျိုးသား လွှတ်တော်၌ NLD ပါတီမှ ၁၃၅ ဦး၊ USDP မှ ခြောက်ဦး၊ ရှမ်းတိုင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နှစ်ဦး၊ ရခိုင် အမျိုးသား ပါတီမှ လေးဦး၊ မွန်ညီညွတ်ရေး ပါတီမှ သုံးဦး၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် NLD ပါတီမှ ၄၇၇ ဦး၊ USDP မှ ၃၅ ဦး၊ ရှမ်းတိုင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၂၇ ဦး၊ ရခိုင် အမျိုးသား ပါတီမှ ခုနစ်ဦး၊ မွန်ညီညွတ်ရေး ပါတီမှ ခြောက်ဦး၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ် အဖြစ် NLD ပါတီမှ ၁၅ ဦး၊ မွန်ညီညွတ်ရေး ပါတီမှ တစ်ဦး အသီးသီး နေရာ ရရှိထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.