Connect with us

Science & Technology

တရုတ်နိုင်ငံ အခြေစိုက် OPPO ကုမ္ပဏီက ယခုလကုန်ပိုင်းမှ စတင်ကာ ၎င်း၏ ဖုန်းသစ်အား မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက် ၁၇ ခုတွင် ရောင်းချရန် စီစဉ်ထား

ယခုလကုန်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက် ၁၇ ခုတွင် ရောင်းချရန် စီစဉ်ထား သည့် OPPO Neo 7 အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- OPPO Website)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် OPPO က ၎င်းကုမ္ပဏီ ထုတ် OPPO Neo 7 ယခုလကုန်ပိုင်းမှ စတင်ကာ အိန္ဒိယ၊ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် မက္ကဆီကိုတို့ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက် ၁၇ ခုတွင် ို ရောင်းချရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ မြန်မာပြည် ရုံးခွဲမှ ယနေ့ သတင်း ထုတ်ပြန်သည်။

၅ လက်မ screen အပြင် အဆင့် မြှင့်တင်ထားသော အရှေ့ဘက် ကင်မရာနှင့် 16 GBROM ဖြင့် သုံးနိုင်ကြောင်း၊ ဘက်ထရီ၏ စွမ်းဆောင်ရည်ကလည်း ကောင်းမွန်ပြီး တန်ဖိုးက တစ်သိန်း ကိုးသောင်း ကျပ်သာ ရှိမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် 3G ဗားရှင်းဖြင့် မိတ်ဆက်ပေးမည့် OPPO Neo 7 တွင် ပါဝင်သော mirror surface သည် လိုအပ်သလို ဖြုတ်နိုင် တပ်နိုင်ပြီး optical coating နည်းပညာနှင့် fiber glass ကို အသုံးပြုထားသည်။ ကျောဘက်ကို coating အလွှာ ၁၃ ခုဖြင့် ပြုလုပ်ထားပြီး တောင့်တင်း ခိုင်မာမှု ရှိစေရန် လုပ်ငန်းစဉ် ၄၀ ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)