Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်ရန်ဆောင်ရွက်လျက်ရှိ

ထုတ်လုပ်ပြီှးလျှပ်စစ်ဓာတ်အားကိုဖြန့်ဝေမည့် မဟာဓာတ်အားလိုင်းများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ်၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်မီးလုံလောက်စွာရရှိနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှပြောသည်။

ဦးမြင့်သောင်းက “သမ္မတကြီးရဲ့ သီးသန့်ရံပုံငွေ ကျပ် ၃၀ ဘီလီယံကို မီးစက်ဝယ်ပါမယ်။ ၂၅ မဂ္ဂါဝပ်ထွက်ပါမယ်။ ၂၅ မဂ္ဂါဝပ်ထုတ်ပေးနိုင်မယ့် မီးစက်ကို အမြန်ဆုံး တပ်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်။ စွမ်းအင်နဲ့လျှပ်စစ်ဝန်ကြီးဌာန က ပြောတာက ဂက်စ်တာဘိုင်ကနေ ဂက်စ်တိုးလို့ ရလာလို့ရှိရင် နောက်ထပ်၇၀မဂ္ဂါဝပ်လောက်တိုးရမယ်။ ၇၀ ရယ် ၂၅ ရယ် ဆိုရင် ၉၅ မဂ္ဂါဝပ်လောက် ရမယ်။ အဲ့ဒါဆိုရင် ၁၀၀ ရာခိုင်နှုန်း မဂ္ဂါဝပ်လောက်ကို နွေရာသီမှာ အဆင်သင့်ရအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။’’ ပါတယ် ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးသည် စက်မှုလက်မှုကဏ္ဍကို ဦးဆောင်နေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အားလျော့သွားမှာ စိုးရိမ်သည့်အတွက် အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်း ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.