Connect with us

Social

ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှု နှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှု များကို တိုင်းဒေသကြီး/ပြည်နယ် ၄ ခု၌ စတင် စမ်းသပ် ဆောင်ရွက်နေ

အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဒုတိယ အကြိမ် အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံတွင် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း တွင် ဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် မသန်စွမ်းမှု အခြေအနေ များကို တိကျစွာ တိုင်းတာ ဖော်ထုတ်နိုင်ရေးအတွက် ရှေးဦး အရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ဝန်ဆောင်မှုများ ( Early Childhood Intervention- ECI) ကို တိုင်းဒေသကြီး/ပြည်နယ်(၄)ခုတွင် စတင်စမ်းသပ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောကြားခဲ့သည်။

ရှေးဦးအရွယ် ကလေးသူငယ်ဘဝဖြစ်သော မွေးကင်းစမှ အသက်(၈) နှစ် အရွယ် ကလေးများ၏ ကျန်းမာရေး၊ အာဟာရ ပြည့်ဝစွာ ရရှိရေး ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ် စောင့်ရှောက်မှုရရှိစေရေး၊ မူလတန်းကြို နှင့် မူလတန်းပညာရေး တို့တွင် အသက်အရွယ် အလိုက် ရရှိရေးကို နယ်ပယ် အသီးသီး ကဏ္ဍပေါင်းစုံက ညှိနှိုင်း ပူးပေါင်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ ဒုတိယ အကြိမ် အစည်း အဝေးကို ဒီဇင်ဘာ ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် မြန်မာ့ရှေးဦးအရွယ် ကလေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (၅)နှစ် မဟာ ဗျူဟာ (၂၀၁၈ – ၂၀၂၂)ကို ဆွေးနွေး ညှိနှိုင်း အတည်ပြု ပေးနိုင်ရန် ဖြစ်ကြောင်း ၊ မဟာဗျူဟာ(၁၀)ရပ် ပြဋ္ဌာန်း ထားရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက် ရမည် ဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ကော် မတီ၊ UNICEF အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက် ခြင်းများ ပြုလုပ် သွားရန် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.