Connect with us

Social

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေစာပုံစွန့်ပစ်မှုအားကြီးကြပ်လျက်ရှိ

မြေစာပုံပြိုကျမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင်၃ရက် (ဆင်ဟွာ)

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၆ ခုနှစ် မေ ၅ ရက်အထိ မြေစာပုံပြိုကျမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော မြို့နယ်မြေစာ စွန့်ပစ်မှု ကြီး ကြပ်စစ်ဆေးရေး အဖွဲ့နှင့် ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့တို့က လုံးခင်းနှင့် ဖားကန့်ရှိ စွန့်ပစ် မြေစာပုံများကို သတ်မှတ်ထားသည့်နေရာများ၌ စနစ်တကျ စွန့်ပစ်စေရန် ကြီးကြပ်လျက် ရှိကြောင်း သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ၂ဝ၁၂ ခုနှစ်မှစတင်၍ ယခုအချိန်ထိ ရေမဆေးကျောက် ရှာဖွေသူ သုံးသောင်းအထိ ရှိလာကြောင်း ၊ကျောက်စိမ်းလုပ်ကွက်များ စတင်လုပ်ကိုင်ရန် ဦးစီးကော်မတီက တစ်ကွက်လျှင် အဆိုပြုငွေ ငွေကျပ် ၁ဝ သိန်းနှင့်အထက် သတ်မှတ်ပြီး လုပ်ကိုင်ခွင့် ချထားပေးကြောင်း၊ အကျိုးတူ လုပ်ကွက်လုပ်ကိုင်ခွင့်ကို တစ်ဧကလျှင် အဆိုပြုငွေ ငွေကျပ် ၁ဝ သိန်း ပေးသွင်းစေပြီး ပထမသက်တမ်းငါးနှစ်၊ ဒုတိယ သက်တမ်းသုံးနှစ်နှင့် တတိယသက်တမ်းမှ စ၍ နှစ်နှစ်စီ ပေးသွင်း ရကြောင်း၎င်းတာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.