Connect with us

Social

ကရင်တိုင်းရင်းသားများ၏ ကောင်းမြတ်သောအင်အားများ အရေးပါသောကဏ္ဍမှ ပါဝင်ထောက်ပံ့မည်ဟု ယုံကြည် ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော

ကရင်နှစ်သစ်ကူးနေ့ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက် (ဆင်ဟွာ)

ယနေ့ခေတ် သမိုင်း တည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများ၏ ကောင်းမြတ်သောအင်အားများ သည် အရေးပါသောကဏ္ဍမှ ပါဝင်ထောက်ပံ့မည်ဟု ယုံကြည်ပါကြောင်း ယနေ့ ကျင်းပသည့် ကရင် နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ကရင်တိုင်းရင်းသားများသည် ရိုးသားတည်ကြည်ခြင်း၊ အပင်ပန်းခံပြီး ကြိုးစားပမ်းစား လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း၊ ဇွဲသတ္တိရှိခြင်း စသော အရည်အချင်းများနှင့် ပြည့်စုံသည် ဟူသော ကျော်ဇော သတင်း သမိုင်းတစ်လျှောက်ရှိခဲ့ပါတယ်၊ ယခု ကျွန်မတို့ ခေတ် သမိုင်း တည်ဆောက်ရာမှာ ကရင် တိုင်းရင်းသားများရဲ့ ကောင်းမြတ်သော အင်အားများသည် အရေးပါသောကဏ္ဍမှ ပါဝင်ထောက်ပံ့မယ် လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့အပြင် “ကောက်သစ်စားပွဲ အခါသမယ၌ မိသားစုဝင်အားလုံး စုံစုံညီညီ ပြန်လည် တွေ့ဆုံရန် ကြိုးစားကြသည့် နည်းတူ ယခုအခါ ပြည်ထောင်စုအတွင်း ညီအစကို သားချင်းများ အားလုံး စုစည်း ညီညွတ်စွာဖြင့် အေးအတူ ပူအမျှ မိသားစု စိတ်ဓာတ်ဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်

ကရင်နှစ်သစ်ကူးနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ကရင်နှစ်သစ်ကူးနေ့ ကျင်းပနေစဉ် (ဆင်ဟွာ)

ကရင်နှစ်သစ်ကူးနေ့ ကျင်းပနေစဉ် (ဆင်ဟွာ)

ကရင်နှစ်သစ်ကူးနေ့ ကျင်းပနေစဉ် (ဆင်ဟွာ)

နှစ်သစ်ကူး ပွဲတော်များသည် အတိတ် ဖြစ်ရပ်များကို သတိရ၊ ဆင်ခြင် သုံးသပ်ရန် အချိန်အခါနှင့် အနာဂတ်အတွက် ရည်မှန်းချက်များ တည်ဆောက်ရန် အချိန်အခါ ဖြစ်ပါကြောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးတွင် ပြည်ထောင်စုသား အားလုံး အဟောင်းထက် သာလွန်ကောင်းမွန်သော အသစ်များ ဖန်တီး ဖြစ်မြောက်နိုင်ကြပါစေကြောင်း၊ မိမိတို့ ကရင်တိုင်းရင်းသား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ကမ္ဘာကြီးအတွက် ကောင်းကျိုးများစွာ ပြုနိုင်ပါစေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆုတောင်းမေတ္တာပို့ ပြောကြားခဲ့သည်။

ကရင် သက္ကရာဇ် ၂၇၅၇ ခုနှစ်၊ သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း (၁) ရက်နေ့ ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ ရောက်ရှိ နေထိုင်လျက်ရှိသည့် ကရင်တိုင်းရင်း သား အပေါင်းတို့ အလေးအမြတ် ဂုဏ်ယူတန်ဖိုးထား၍ ကျင်းပလေ့ရှိသည့် ကရင်အမျိုးသား နှစ်သစ် ကူး မင်္ဂလာ နေ့ထူး နေ့မြတ် ဖြစ်သည်။ ၁၉၃၈ခုနှစ် မှစတင်ကာ နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် ၇၉နှစ်ရှိပြီဖြစ်သည့် အဆိုပါ နှစ်သစ်ကူး အခမ်းအနားကို နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်ခဲ့ရာ နံနက် ၆ း ၀၀ နာရီတွင် ကရင် အမျိုးသား အလံတော် သယ်ဆောင်ခြင်း၊ လွှင့်ထူခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ ကြွရောက်လာသူတို့အား ကရင်ရိုးရာ ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံခြင်း၊ ကရင်ယဉ်ကျေးမှု ဒုံးယိမ်း အကများဖြင့် ဖြေဖျော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

နှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်လာသော ပွဲတော်ကျင်းပရေး ၏ သဘာပတိ လည်း ဖြစ်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက နှစ်သစ်ကူးနေ့ အဖွင့် အမှာစကားတွင် ”ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဟာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ အထိမ်းအမှတ် ဖြစ်သလို စည်းလုံးညီညွတ်ခြင်း ရဲ့သင်္ကေတလည်းဖြစ်ပါတယ်။ ”ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ ပြင် ၎င်းက”ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တရားဝင်အသိအမှတ်ပြု ရရှိရေးအတွက် ဆောင်ရွက် ပေးကြတဲ့ အမျိုးသားခေါင်းဆောင်ကြီးများကို တရားဝင်ကျေးဇူးဆပ်တဲ့အ နေနဲ့ အမျိုးသား ခေါင်းဆောင်ကြီး များရဲ့ ဆန္ဒဖြစ်တဲ့ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံတော်ကြီးပေါ်ပေါက်လာအောင် ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာအောင် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်”ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။ ယခုကဲ့သို့ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ၁၉၃၇ ခုနှစ် သြဂုတ်လ (၂)ရက်၌ ကရင်အမျိုးသား ခေါင်းဆောင်ကြီးများ ဖြစ်ကြသော စောဂျွန်ဆင် ဒီဖိုးမင်း အပါအဝင် ကရင် အမတ် ၁၂ ဦးတို့က ဦးဆောင်လျက် ဥပဒေကြမ်း တင်သွင်းခဲ့ပြီး အင်္ဂလိပ်အစိုးရလက်ထက် ဒေါက်တာ ဘမော် အစိုးရ ခေတ် လွှတ်တော်က အတည်ပြုကာ ၁၉၃၈ခုနှစ် ပြာသိုလဆန်း (၁) ရက်မှစတင်ကာ နှစ်စဉ် ကျင်းပခဲ့ သည်မှာယခုနှစ်တွင် ၇၉ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.