Connect with us

Social

ငါးနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြု၍ ပြည်တွင်း ရွှေ့ပြောင်း သွားလာနေပြီး အများစုမှာ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်

ရန်ကုန်မြို့ လယ် မြင်ကွင်း#ဆင်ဟွာ

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

ပြည်တွင်း ရွှေ့ပြောင်း သွားလာခြင်းသည် ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြု နေပြီး ရန်ကုန်တိုင်းဒေသကြီးသို့ လွန်ခဲ့သည့်(၅)နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုသည် ဧရာဝတီ တိုင်းဒေသကြီးမှ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သော ရွှေ့ပြောင်းသွားလာ ခြင်းနှင့် မြို့ပြ ထွန်းကားလာခြင်း စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် မြို့ပြဒေသ၌ နေထိုင်သူ ဦးရေမှာ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပြီး နိုင်ငံ ပိုမို ဖွံ့ဖြိုး တိုးတက် လာသည်နှင့်အမျှ မြို့ပြထွန်းကားလာမှုနှင့် မြို့ပြကြီးထွားလာမှုတို့ လျှင်မြန်စွာ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရကြောင်း ၊ လက်ရှိအခြေအနေအရ မြို့ပြထွန်းကားလာမှု သည် ရန်ကုန်တိုင်း ဒေသကြီး အထူးသဖြင့်ရန်ကုန်မြို့ တွင် မြင့်မားစွာဖြစ်ပေါ်နေပြီး ယင်းသို့ ဖြစ်ရခြင်းမှာ ရန်ကုန်သည် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်သည့် နေရာတစ်ခုသဖွယ် ဖြစ်နေခြင်းကြောင့်ဟု သုံးသပ်ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်မြို့အပြင် အခြားနေရာဒေသများတွင် လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများ လာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ထိုဒေသများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းသွားလာ ခြင်းနှင့် မြို့ပြ ထွန်းကားလာခြင်း စာတမ်းအရ မြန်မာနိုင်ငံတွင် လူ ၅ ဦးတွင် ၁ ဦးသည် ဘဝတစ်လျှောက်အနည်းဆုံး တစ်ကြိမ် ပြည်တွင်း၌ ပြောင်းရွှေ့ခဲ့ဖူးကြပြီး လွန်ခဲ့သည့်(၅)နှစ်အတွင်း ရွှေ့ပြောင်းသူ (၇)ရာခိုင်နှုန်း ရှိကြောင်းတွေ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ယခုအခါ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံ၍ အသေးစိတ် ဆန်းစစ်လေ့လာသည့် သုတေသနစာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလဒ် မြေပုံများကို ဆက်လက်ပြုစုလျက်ရှိပြီး မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်းနှင့် သားဖွားမိခင် သေဆုံးခြင်းဆိုင်ရာ အသေးစိတ်သုတေသနစာတမ်းများကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ လူဦးရေပြောင်းလဲခြင်း အသေးစိတ် သုတေသန စာတမ်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း အစီရင်ခံစာများကို အတွဲလိုက် ထုတ်ပြန် ကြေညာခဲ့ရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေး လူဦးရေစာရင်း ကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ များကို ၂၀၁၅ ခုနှစ် မေလတွင်လည်းကောင်း၊ အလုပ်အကိုင်နှင့် လုပ်ငန်း အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လည်းကောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117