Connect with us

Social

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀အတွင်း စီမံကိန်း ၁၆ခုကို အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဟုဆို

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး က အစိုးရသစ်၏ ပထမရက် (၁၀၀) ကာလအတွင်းဝန်ကြီး ဌာနမှ ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

အစိုးရသစ်၏ ရက်ပေါင်း ၁၀၀အတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်း၁၆ခုကို အပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံကိန်း ၁၇ခုကို စတင်အကောင်အထည်ဖော်ရာတွင် ၁၆ခုကို လုပ်ဆောင်နိုင်သော်လည်း မြစ်ဆိပ်ကမ်းနှင့် ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းရေး၊ ကမ်းပြို/ကမ်းထိန်း လုပ်ငန်းတစ်ခုသာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေ နှစ်ဆမြင့်တက်မှုကြောင့် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
ကျန်ရှိနေသော လုပ်ငန်းများကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်း ၁၇ခုတွင် လေကြောင်းပို့ဆောင်ရေးစီမံကိန်း(၁)ခု၊ ရေကြောင်းပို့ဆောင်ရေးစီမံကိန်း(၃)ခု၊ မိုးလေဝသနှင့် ဇလဗေဒစီမံကိန်း (၂)ခု၊ ကုန်းလမ်းပို့ဆောင်ရေးစီမံကိန်း(၂)ခု၊ ရထားပို့ဆောင် ရေးစီမံကိန်း(၃)ခုနှင့် ဆက်သွယ်ရေးဘဏ္ဍာစီမံကိန်း (၆)ခုတို့ ပါဝင်ပြီးစီမံကိန်း ၁၇ခုတွင် လုပ်ငန်းသစ် ၉ခုနှင့် လုပ်ငန်းဟောင်း ၈ခုဖြစ်သည်။(Xinhua)