Connect with us

Politics, Law & Military

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ရက် ၁၀၀ စီမံချက်ပေါင်း ၆၈ ခု ရေးဆွဲ ဆောင်ရွက်ခဲ့ဟုဆို

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေး ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

ပြည်သူလူထုအား ပိုမို ကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရေး ရှေးရှု၍ ရက် ၁၀၀ စီမံချက်များ ရေးဆွဲပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန လက်အောက်ရှိ ဝန်ကြီးရုံး နှင့် ဦးစီး ဌာန ၇ ခုမှ ရက် ၁၀၀ စီမံချက်ပေါင်း ၆၈ ခု ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့သြဂုတ် ၂၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ထိုသို့ရက် ၁၀၀ စီမံချက်ပေါင်း ၆၈ ခု အနက် ၃၁ ခုမှာ ရက် ၁၀၀ အတွင်း အပြီး ဆောင်ရွက်ရမည့် စီမံချက်များ ဖြစ်ပြီး ကျန် ၃၇ ခုမှာ ရက် ၁၀၀ နောက်ပိုင်းတွင် ဆက်လက် ဆောင်ရွက်ရမည့်စီမံချက်များ ဖြစ်ကြောင်း သိရသည်။ရက် ၁၀၀ ကျော်လွန်၍ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်း အားလုံး၏ ၇၂ ရာခိုင်နှုန်းအား ဆောင်ရွက်ပြီးစီးပြီး ၃၈ ရာခိုင်နှုန်းသာ ဆောင်ရွက် ပြီးစီးရန် ကျန်တော့ကြောင်း သိရသည်။ထို့အတူ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ပေါင်း ၆၈ ခု အနက် ဦးစားပေး ဆောင်ရွက်ခဲ့သည့် စီမံချက်များအနက် ကျေးလက်နေ ပြည်သူ လူထု အတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဇွန်လ အထိ ကျေးလက် ဒေသများတွင် ဆေးခန်းပေါင်း ၂,၁၂၀ ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း ၃,၉၈၂,၅၉၈ ဦးကို ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခဲ့ပြီး ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ် တစ်ရပ် အနေဖြင့် ကျောင်းကျန်းမာရေး လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ကျောင်းပေါင်း ၁၅,၃၅၂ ကျောင်းတွင် ကျောင်းသားပေါင်း ၂,၈၉၀,၄၅၁ ဦးအား အထွေထွေ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်း ၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခြင်း နှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူလူထု ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများ ပေးနိုင်ရန် ရက် ၁၀၀ စီမံချက်များကို ကျွမ်းကျင်ပညာရှင်များဖြင့် ပြန်လည် စိစစ် သုံးသပ်ပြီး ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက် လျက် ရှိသကဲ့သို့ပြင်ဆင်ရမည့် လုပ်ငန်းများ ၊ ဖြည့်စွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ သတ်မှတ်ကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117