Connect with us

Social

မြန်မာနိုင်ငံ၌ လုပ်ငန်းခွင် ကျွမ်းကျင် လုပ်သား များစွာ ရှိသော်လည်း ကျွမ်းကျင်မှု စံသတ်မှတ်ချက် Level 1 အဆင့် အောင်မြင်ထားသူ ဦးရေ ၆၀၀ ကျော်သာ ရှိနေသေး

လုပ်ငန်းခွင်ဝင်နေသော မြန်မာ့ကျွမ်းကျင် လုပ်သားတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လုပ်ငန်းခွင် ကျွမ်းကျင်လုပ်သား များစွာ ရှိနေသော်လည်း ကျွမ်းကျင်မှု စံသတ်မှတ်ထားသည့် အလုပ်သမား အရေအတွက်မှာ ပထမအဆင့် (Level 1) စာမေးပွဲ အောင်မြင်ထားသူ ဦးရေ ၆၀၀ ကျော်သာ ရှိနေသေးကြောင်း သိရသည်။

“မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဌာန်းရေး အဖွဲ့(NSSA) မှာ အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု စံသတ်မှတ်သည့် ကော်မတီအလိုက် ကျွမ်းကျင်မှုစံ သတ်မှတ်ထားတာ တွေထဲက ၁၁ ခုမှာ နိုင်ငံတော် အဆင့် Level 1 စာမေးပွဲ စစ်ပြီးသွားပြီ။ စစ်ပြီး ဖြေဆို အောင်မြင်သည့် သူမှာ လူ ၆၀၀ ကျော် ရှိသွားပြီ။ လာဖြေတဲ့သူ အများစုက လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ သူတွေ အဓိက လာဖြေကြတယ်။

လုပ်ငန်းခွင်ထဲမှာ အစထဲက ကျွမ်းကျင် လုပ်သားတွေ ရှိပါတယ်။ အဲဒီ လုပ်သားတွေက အကြောင်း အမျိုးမျိုးကြောင့် ကျောင်းက ထွက်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အခါမှာ လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်ကြပေမယ့် ထင်ရှားတဲ့ သင်တန်းဆင်း လက်မှတ်က သတ်သတ်မှတ်မှတ် မရှိဘူး။

ဒါကြောင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ဝင်လာတဲ့ အခါကြတော့ သူတို့က လုပ်ငန်းခွင်ထဲမှာသာ ကျွမ်းကျင်နေကြတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ လက်မှတ် မရှိတဲ့ အခါကြတော့ မယှဉ်ပြိုင်နိုင်ဘူး။

ကျွန်တော်တို့နိုင်ငံက လုပ်သားတွေ လုပ်နိုင်တဲ့ အဆင့် အများကြီး ရှိပါတယ်။ အခု Level 1 အနေနဲ့ဦးရေ ၆၀၀ ကျော် မွေးထုတ်ပြီးပါပြီ။

ဆက်တိုက် စာမေးပွဲတွေ စစ်သွားပြီးတော့ အဆင့်သတ်မှတ်ချက်တွေ တိုးမြှင့်သွားမှာပါ”ဟု အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ယနေ့ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဌာန်းရေး အဖွဲ့(National Skill Standard Authority) အား ၂၀၀၇ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ထဲတွင် ဝန်ကြီးဌာန ပေါင်းစုံ ပါဝင်ပြီး ပုဂ္ဂလိက သင်တန်းကျောင်း များ ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ၊ ကုန်သည်ကြီးများ အသင်း ၊ အလုပ်သမား အဖွဲ့အစည်းများ၏ အကြံဉာဏ်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.