Connect with us

Social

လူထု ဗဟိုပြု စီမံကိန်းအား အမေရိကန်ဒေါ်လာ ၅၃၂ သန်းဖြင့် မြို့နယ်များ တိုးချဲ့ဆောင်ရွက်မည်

လူထုဗဟိုပြု စီမံကိန်း၏ သုံးလပတ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန)

ရန်ကုန် ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကျေးလက်ဒေသ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေး အတွက် လူထုဗဟိုပြု စီမံကိန်း (CDD) အား အမေရိကန် ဒေါ်လာ ၅၃၂ သန်းဖြင့် မြို့နယ်ပေါင်း ၆၃ မြို့နယ်ထိ တိုးချဲ့ ၂၀၂၁ ခုနှစ်ထိ လျာထား ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ယခုလက်ရှိတွင် စီမံကိန်းမြို့နယ် ပေါင်း ၂၇ မြို့နယ် ၊ ကျေးရွာအုပ်စုပေါင်း ၁,၂၁၀ ၊ ကျေးရွာပေါင်း ၅,၄၂၇ ၊ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၃,၆၂၂ အား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး စက်တင်ဘာလ တွင် ပြည်ထောင်စု အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းများ ပါဝင်သော သုံးသပ် ဆွေးနွေးပွဲ အခမ်းအနား (Union MSR) ကို နေပြည်တော်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၃ ခုနှစ် မှစ၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃ နှစ်တာ ကာလကျော် ရှိခဲ့ပြီး စီမံကိန်းကို မြို့နယ် ၃ မြို့နယ်မှ စတင်ခဲ့ရာ ယခုအခါ ၂၇ မြို့နယ် အထိ တိုးချဲ့ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ စီမံကိန်း စတင်ချိန်တွင် ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် စတင်ခဲ့ပြီး ယခုအခါစီမံကိန်း ၏ အောင်မြင်မှုများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့ငွေ အပြင် အီတလီ ချေးငွေများ၊ နိုင်ငံတော် ထည့်ဝင် ငွေများ၊ ကမ္ဘာ့ဘဏ်၏ ချေးငွေများ ပါဝင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.