Connect with us

Social

မြန်မာ့မီးရထား မြို့ပတ်လမ်းပိုင်း ရှိ သံလမ်းနှင့် တွဲဆိုင်း များ အဆင့် မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီး ဆောင်ရွက်မည်

ရန်ကုန်မြို့ပတ် နှင့် ဆင်ခြေဖုံးရထားလမ်းများ၊ ဘူတာများအားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

မြန်မာ့မီးရထား မြို့ပတ်လမ်းပိုင်း ရှိ သံလမ်းနှင့် တွဲဆိုင်း အပါအဝင် အဆင့် မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စီမံကိန်းအရ ရထားသံလမ်း များကို အဆင့်မြှင့်တင်၍ ပြောင်းလဲ တပ်ဆင်ခြင်း၊ တွဲဆိုင်း အဟောင်းများကို DMU (Diesel Multiple Unit) အမျိုးအစား ရထားတွဲဆိုင်း များဖြင့် ပြောင်းလဲ ပြေးဆွဲခြင်း၊ မြို့ပတ်ရထားပြေးဆွဲမှု ခရီးစဉ် တစ်လျှောက်ရှိ ရထားလမ်းကူးခုံးကျော် တံတား ၁ဝ ခုကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ်အဖွင့် ၂၁ ခုကို အလိုအလျောက် ဆောင်ရွက် နိုင်သည့် အော်တိုဂိတ် များအဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံနှင့် ပုရွက်ဆိတ်ကုန်း ဘူတာများကို အဆင့်မြှင့်တင် ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုသို့ မြို့ပတ်ရထား လမ်းပိုင်းများ အဆင့် မြှင့်တင်ရာတွင် ထိခိုက်နစ်နာ နိုင်မည့် အိမ်ရာစာရင်း များကို ဇူလိုင်လတွင် အပြီးသတ် ကောက်ယူသွားရန် ရှိပြီး မြို့ပတ် ရထားလမ်း စြင်္ကံတစ်လျှောက် စီမံကိန်းနှင့် မလွတ် ကင်းသည့် ဝန်ထမ်းအိမ်ရာ၊ ဝန်ထမ်း မဟုတ်သည့် အိမ်နှင့် ဘိုးဘွား လက်ထက် နေထိုင်သည့်အိမ် ဟုတ်၊ မဟုတ်၊ ကျူးကျော် ဆောက်လုပ် နေထိုင်ခြင်း ဟုတ်၊ မဟုတ်တို့ကို အပြီးသတ် စာရင်းကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.