Connect with us

Sport

အကြိမ်(၅ဝ)မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုတံခွန်စိုက်ပြိုင်ပွဲ မြန်မာရွှေတံဆိပ်ဆုဆွတ်ခူးပြီ

အကြိမ်(၅ဝ)မြောက်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုတံခွန်စိုက်ပြိုင်ပွဲအားမြင်တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ လက်ခံကျင်းပလျက်ရှိသော အကြိမ်(၅ဝ)မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုတံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်ဆုဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ စက်တင်ဘာ ၅ ရက် ညတွင် ပြုလုပ်သော ကီလို (၆ဝ) အလွတ်တန်းပြိုင်ပွဲတွင် ထွန်းထွန်းအောင် သည် ရွှေတံဆိပ်ဆုနှင့် (40-50) Year Master Club တန်းပြိုင်ပွဲတွင် တတိယဆုကိုလည်းကောင်း၊ (၆၅) ကီလိုအလွတ်တန်းပြိုင်ပွဲတွင် ထွန်းမင်းသည် ရွှေတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူးရရှိခဲ့ကြသည်။ မြန်မာနိုင်ငံမှ နန်းလောင်ခမ်းသည် အမျိုးသမီး (၁၆ဝ) စင်တီမီတာအောက် Model Physique ပြိုင်ပွဲကို ယနေ့ ယှဉ်ပြိုင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.