ဂျီနီဗာ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကမ္ဘာတစ်ဝန်း ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုများ အသီးသီးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထုတ်လုပ်မှု၊ ပံ့ပိုးမှုနှင့် ထိုးနှံမှု အခက်အခဲပြဿနာအမျိုးမျိုးသည် အထူးအားရုံစိုက်စရာ ဖြစ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကာကွယ်ဆေး မျှတစွာ ဝေမျှရန် အမြဲအလေးထားတိုက်တွန်းခဲ့ကြောင်း သိရသည်။
ရောမ ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) အီတလီစူပါဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ရာ ဂျူဗင်တပ်အသင်းကစားသမား စီရော်နယ်ဒို၏ သွင်းဂိုး နှင့် Álvaro Morata ၏ပွဲပြီးဆုံးခါနီ ထပ်ဆောင်းသွင်းဂိုးတို့ဖြင့် နာပိုလီ အသင်းအား နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းပွဲတွင် နာပိုလီ...
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့စိုက်ပျိုးသီးနှံများတွင် ဓာတုဆေး အသုံးပြုခြင်းမရှိဘဲ သဘာဝစိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်း ညွှန်ချက် စတုတ္ထမူကြမ်းကို အတည်ပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။
တီဟီရန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဇန်နဝါရီ ၂၀ ရက်၌ အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ အတည်ပြုထားသော ခိုင်မြဲသည့် သဘောတူညီချက်တစ်ခုဖြစ်ပြီး အီရန်နိုင်ငံ ဒုံးကျည်စီမံကိန်း...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ China National Biotec Group (CNBG) က ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျက်နိုင်ပြီး မတူညီသော ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲများကို အားပျော့သွားစေကြောင်း CNBG အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ဇန်နဝါရီ...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကျန်းမာရေးစနစ်တွင် လက်ခံကုသထားသည့် လူနာအမြောက်အမြားဖြစ်နေပြီး ဝန်ပိအား အလွန်ကြီးနေကြောင်း၊ အချို့ဆေးရုံများတွင် စစ်တလင်းပြင်ကဲ့သို့ ဖြစ်နေကြောင်း ဗြိတိန်အစိုးရ၏ သိပ္ပံရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် Patrick Vallance က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဗြိတိန်၏ ဇန်နဝါရီ ၁၉...
ပေကျင်း၊ဇန်နဝါရီ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော အရေးကိစ္စရပ်များစွာတွင် ရူးမိုက်စွာ အမေရိကန်က ပါဝင်ဆောင်ရွက်မှုများအတွက် အဓိက တာဝန်ရှိသူများ နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးဆိုးရွာရွာ ပါဝင် ချိုးဖောက်ခဲ့ကြသည့် လူပုဂ္ဂိုလ် ၂၈ ဦးအား ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ ဇန်နဝါရီ ၂၁...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ သမ္မတအမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး စိန်ခေါ်မှုသည်လည်း ၎င်း၏ ပထမဆုံးကိုင်တွယ်မှု လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်အဖြစ် ထည့်သွင်းခဲ့သည်။
ဝါရှင်တန်၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဆန်ဒီယေဂို၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သည့် COVID-19ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ချီလီ ပြည်သူ့ ကျန်းမာရေးသုတေသနဌာန (ISP)က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။