Connect with us

NPC

တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများအဆင့်မြှင့်တင်ရန် တရုတ်နိုင်ငံက ဆက်လက်ဆောင်ရွက်မည်

တရုတ်-အမေရိကန် နှစ်နိုင်ငံအလံအား အတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများ အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၄ ရက်တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေးနှင့် ထိပ်တန်း နိုင်ငံရေးအကြံပေးအဖွဲ့ဝင်များနှစ်ပတ်လည် ပုံမှန်အစည်းအဝေး မတိုင်မီ ထုတ်ပြန်သော အစိုးရအလုပ်အစီရင်ခံစာတစ်စောင်၏ ဖော်ပြချက် အရ သိရသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ရေး နှင့် လွယ်ကူစေရေးကို အားပေးမြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှင့် လွတ်လပ်သောကုန်သွယ်မှု ဘေးကင်းလုံခြုံရေးဆိုင်ရာ ကတိကဝတ်များ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်(WTO) ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံသည် နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ၊ win-win ဖွံ့ဖြိုးတိုးတက်မှု နှင့် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို ဆွေးနွေးအဖြေရှာရေးအတွက် ကတိကဝတ်ပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး “ဥပဒေကြောင်းအရ ခွင့်အရေးများ နဲ့အကျိုးစီးပွားများကို အကာအကွယ်ပေးရေးအတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်အပေါ်မှာ လေးစားတန်ဖိုးထားပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117