တီဟီရန်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Sistan and Baluchestan ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အာဏာပိုင်များသည် နိုင်ငံမြောက်ပိုင်း Tetouan မြို့ တွင် ဆေးခြောက် ၁.၉၂တန်အား ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့ အနောက်တောင်ဘက် နာရိုင်နာစက်မှုဇုံ၌ ဖေဖော်ဝါရီလ ၁၄ ရက်နံနက်တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ မီးသတ်ကား ၂၆ စီး ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရ နှင့် ၎င်း၏တပ်ဖွဲ့ကို ကူညီရန် အရာအားလုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်(Sergei Lavrov) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၈ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းမဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်လေဆိပ်သို့ အိန္ဒိယလေယာဉ် ၁ စီး အရေးပေါ်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ကာရီချို၊ ကင်ညာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း ကာရီချိုနယ်မြေ၌ ဖေဖော်ဝါရီလ ၁၃ ရက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျပြီးနောက် နိုင်ငံခြားသား ၅ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁ ဦး သေဆုံး၍ ၊ ၃၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားအသုံးပြုမှုများအပါအဝင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဆာနား၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမြောက်ပိုင်း ဒေသတွင် ၂၀၁၈ ခုနှစ်မှစ၍ H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၁၃၉ ဦးရှိကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များ ၏ ဇန်နဝါရီလ ၁၂ ရက် တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။