Connect with us

Culture

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာဖျော်ဖြေပွဲအား ဆွေမျိုးပေါက်ဖော် မိတ်ဆွေများ အတူရှုစားအားပေးကြ

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာဖျော်ဖြေပွဲ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်” အဆိုအက ပဒေသာဖျော်ဖြေပွဲအား ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇတ်ရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံ တရုတ်နှစ်ကူးနွေဦးပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးချစ်စိန်(Xu Congcang)နှင့် အခြား ဖိတ်ကြားထားသော တရုတ်၊မြန်မာဧည့်သည်တော်များ အတူတက်ရောက် ရှုစားအားပေးခဲ့ကြသည်။

ဖျော်ဖြေပွဲတွင် ပီကင်းအော်ပရာ၊ တရုတ်ရိုးရာ တူရိယာအတီးအမှုတ်ဖျော်ဖြေမှုများအပြင် တရုတ် တိုင်းရင်းသားရိုးရာအကပဒေသာများ၊ ဂန္တဝင်သံစဉ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ရာ ပရိသတ်များက လက်ခုပ်သြဘာပေး တစ်ခဲနက် ရှုစားအားပေးခဲ့ကြသည်။

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာပွဲကြီး၏ ဖျော်ဖြေတင်ဆက်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဖျော်ဖြေပွဲအား ပါဝင်တက်ရောက်ရှုစားအားပေးကြသည့်ဧည့်သည်တော်များနှင့် ပရိသတ်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဖျော်ဖြေပွဲအစီအစဉ်ဖြစ်မြောက်ရေးတွင် ဦးဆောင်ပါဝင်လုပ်အားပေးဆောင်ရွက်နေသည့် တရုတ် ကွမ်တုန်လူငယ် တစ်ဦးဖြစ်သော ကိုသန့်ဇင်အောင်က “အခုဖျော်ဖြေပွဲကို တရုတ်လူမျိုးတွေသာမက ဆွေမျိုးပေါက်ဖော် မြန်မာမိတ်ဆွေများကလည်း လာရောက်ကြည့်ရှုအားပေးကြတယ်။ ။ ဒီဖျော်ဖြေပွဲကြီးက တရုတ်ယဉ်ကျေးမှုကို ကျွန်တော်တို့လို မြန်မာနိုင်ငံဖွားတရုတ်လူမျိုးတွေသာမက မြန်မာမိတ်ဆွေများကိုလည်း တစ်နည်းတစ်ဖုံမိတ်ဆက်ခြင်းဖြစ်တာကြောင့် အပြန်အလှန် နားလည်မှုတွေတိုးလာစေသလို အချင်းချင်းပိုပြီးချစ်ကြည်ရင်းနှီးလာစေတယ်” ဟု ဆိုပါသည်။

အဆိုအကပဒေသာ ပြပွဲအားလာရောက်ကြည့်ရှုသူ မဇင်မာကလည်း “အလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမိတ်ဆွေ ၆ယောက်နဲ့ပွဲလာကြည့်တာပါ။ ပထမဆုံးအကြိမ် လာကြည့်တာပါ ။ အရင်က မကြည့်ဖူးဘူး ။ အဆိုအကတွေနဲ့ဖျော်ဖြေတာ အရမ်းမြိုင်ဆိုင်တယ်။ တရုတ်တိုင်းရင်းသား အဆိုအကတွေနဲ့ဖျော်ဖြေတာဆိုတော့ တရုတ်အနုပညာ ယဉ်ကျေးမှုအကြောင်းလည်း ပိုသိလာတယ်။ဒီလိုဖျော်ဖြေပွဲတွေလုပ်တာ အရမ်းကောင်းတယ် ။အပြန်အလှန် နားလည်မှုတွေတိုးစေတယ်”ဟု ဆိုသည်။

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာ ဖျော်ဖြေပွဲ အနုပညာရှင် အဖွဲ့သည် ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ် တရုတ်နွေဦးနှစ်ကူးပွဲတော်ကာလတွင် ပင်လယ်ရပ်ခြားနိုင်ငံများ သို့သွားရောက်၍ တရုတ်နွယ်ဖွားအမျိုးသားများနှင့်နိုင်ငံအသီးသီးရှိမိတ်ဆွေများထံသို့ ဆုမွန်ကောင်း မေတ္တာပို့သပြီး တူစုံပျော်ရွှင်ကြစေရန် ဖျော်ဖြေသည့်ပွဲအဖြစ် ကျင်းပလာခဲ့သည်မှာ ၁၀နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ ယခုကျင်းပသည့်ပွဲမှာ မြန်မာနိုင်ငံတွင် တတိယအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.