Connect with us

Economy

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကူးလူးဖလှယ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး” ဖြင့် ပြီးမြောက်ခဲ့

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် လန်ချန်း-မဲခေါင်စီမံကိန်းများသည် “ကူးလူးဖလှယ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး” ဖြင့် ပြီးမြောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ မေ၂၇ ရက် တွင် သတင်းထုတ်ပြန်သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု လေ့လာရေးခရီးစဉ် အားတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

စီမံကိန်းများ အကောင်အထည်ဖော်ချိန်မှစ၍ မြန်မာနိုင်ငံ မြို့နယ်ကျေးလက်များတွင် “အစိုးရ၏အထောက်အပံ့ဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း” ၊ “ကျေးရွာ အရေးပေါ်ငွေကြေးအလှည့်အပြောင်းစီမံကိန်း” စသည့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးစီမံကိန်းများဖြင့် စိုက်ပျိုးရေးနည်းပညာသင်တန်းများ ပို့ချခဲ့ပြီး လန်ချန်း-မဲခေါင်နိုင်ငံများအကြား COVID-19 ရောဂါ ရင်ဆိုင်တုံ့ပြန်ရေး အတွေ့အကြုံများဖလှယ်ရန် အွန်လိုင်းဖိုရမ်နှင့် ဒေသတွင်းကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအွန်လိုင်းဖိုရမ်များ ကျင်းပကာ ကမ္ဘောဒီးယားနိုင်ငံသို့ အဖွဲ့ဖွဲ့၍ သွားရောက်လေ့လာဖလှယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာ ၂၃၀,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ စီမံကိန်းများသည် မြန်မာနိုင်ငံ အခြေခံအလွှာမှ ပြည်သူများအတွက် လက်တွေ့အကူအညီများ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် လန်ချန်း-မဲခေါင်နိုင်ငံများအကြား စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွေ့အကြုံများ ဖလှယ်နိုင်ရန်လည်း အထောက်အကူပြုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ေဖာ်ထားသည်။ (Xinhua)