Connect with us

Economy

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဘက်မှ တရုတ်ပြည်မထဲသို့ ထွက်ခွာမည့် သစ်သီးတင်ကားများအား ဇွန် ၁ ရက်မှ စပြီး တရုတ်ဘက်နိုင်ငံဘက်မှ စစ်ဆေးမှု များ ဖြေလျှော့ပေး

ရန်ကုန်မြို့ သီရမင်္ဂလာလက်ကားဈေးရှိ သစ်သီးအရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဘက်မှ တရုတ်ပြည်မထဲသို့ ထွက်ခွာမည့် သစ်သီးတင်ကားများအား ၂၀၂၂ခုနှစ်၊ ဇွန် ၁ ရက်မှစပြီး တရုတ်ဘက်နိုင်ငံဘက်မှ စစ်ဆေးမှု များ ဖြေလျှော့ပေးခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ ဇွန် ၂ ရက်တွင် ပြောသည်။

ဦးမင်းသိန်းက“ဥပမာ အရင်ကသစ်သီးတွေ ၅ နေရာလောက်မှာဆေးဖြန်းရင် အခု က ၂ နေရာလောက်မှာပဲ ဖြန်းရတော့တယ်။ ဆေးဖြန်းတဲ့ဂိတ်တွေကိုလျှော့ပေးတယ်။ ယာဉ်မောင်းကတော့ လက်ရှိမှာ အစားထိုးယာဉ်မောင်းနဲ့ သွားတုန်းပဲ။ နောက်ပြီးတော့ COVID-19 ရောဂါ နဲ့ ပတ်သက်ပြီးတော့လည်း တော်တော်လေးဖြေလျှော့လိုက်တယ်။ အရင်ကစာရွက်စာတမ်း ၄ မျိုး လောက် လိုပေမယ့် အခု က ၂ ခုလောက်ပဲ ယူရတော့တယ်’’ ဟု ပြောသည်။

ဇွန်လ ၁ ရက်တွင် သစ်သီးတင်ကားများ ဖြေလျှော့မှုအပြင် COVID-19 ရောဂါနှင့် ပတ်သက်၍ လည်း တရုတ်နိုင်ငံဘက်မှ ဖြေလျှော့မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“အခုလိုဖြေလျှော့ပေးတဲ့အခါ သစ်သီးကားတွေဆိုရင် ဆေးဖြန်းတဲ့အခါ အသီးတွေနာတယ်။ အခုက ဆေးဖြန်းတာတွေလျှော့ပေးတော့ အသီးညှိူးတာတွေ နည်းသွားပြီး အသီးကားတွေ အတွက် လေးအဆင်ပြေလာတယ်။ နောက်ပြီးတော့ သစ်သီးကားတွေ အနေနဲ့ အရင်လို အကြာကြီးစောင့်ဆိုင်းစရာလည်း မလိုတော့ဘူး။ စောင့်ဆိုင်းရတဲ့ အချိန် လည်းလျော့သွားတော့ ကုန်သည်တွေ အတွက် ဇွန်လ ၁ ရက်နေ့ မတိုင်ခင်နဲ့ ယှဉ်ရင် အများကြီးမြန်ဆန်သွက်လက်ပြီး အကျိုးရှိတယ်လို့ ပြောလို့ ရပါတယ်’’ ဟု ဦးမင်းသိန်းကဆက်ပြောသည်။
မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ကျင်စန်းကျော့ဂိတ်တွင် နေ့စဉ် ကုန်တင်ယာဉ် အစီး ၄၀ ဝန်းကျင် အဝင်အထွက်ရှိကြောင်း၊ လက်ရှိ တွင် မြန်မာ့ သရက်သီးများ တင်ပို့မှုများနေကြောင်း ၎င်းကဆိုသည်။ (Xinhua)