Connect with us

Politics

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီအား စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် အသီးသီး လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ မစ္စတာ ယန်ကျဲ့ချီက သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ ဇန်နဝါရီလက လာရောက်လည်ပတ်ခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေး ခေတ်သစ်ကာလကို လျှောက်လှမ်းသည့် တွန်းအား ဖြစ်စေခဲ့ကြောင်း ၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ အပြန်အလှန် ဖေးမကူညီခဲ့ကြရာ ဆွေမျိုးပေါက်ဖော် အစဉ်အလာချစ်ကြည်ရေးကို တစ်ဆင့်တိုးမြှင့် မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့်  တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ကာ တရုတ်-မြန်မာ အေးအတူပူအမျှ ကံတူအကျိုးပေးအသိုက်အဝန်းအား လက်တွဲတည်ဆောက်သွားလိုကြောင်းနှင့် နှစ်နိုင်ငံ အဆင့်မြင့်အရာရှိဆက်ဆံရေးကို တိုးမြှင့်ကာ ခိုင်မာနက်ရှိုင်းသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ကာ  နှစ်ဖက်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအဆင့်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းများ ပြန်လည်လည်ပတ်မှု ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအား အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

 မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်ဖြစ်ရာ လူမှုယဉ်ကျေးမှုဖလှယ်ရေး ၊ပြည်သူများစိတ်ချင်းဆက်နွယ်ရေးကို မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေး သုတေသနပြုထုတ်လုပ်အောင်မြင်ပါက မြန်မာနိုင်ငံအား ဦးစားပေးအနေဖြင့် မျှဝေပေးသွားလို ကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံနှင့်အတူ တရုတ်-အာဆီယံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကြီးနှစ်ရပ်ကို အာရုံစိုက် ဆောင်ရွက်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အတူ အဆိုပြုကြသည့်နိုင်ငံများဖြစ်ရာ နိုင်ငံတကာ တရားမျှတမှုနှင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအရေးကိစ္စတွင် မြန်မာနိုင်ငံ၏ အမြဲထောက်ခံအားပေးမှုကို တန်ဖိုးထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာကို ကာကွယ်သည့် ကြိုးပမ်းမှုများကို ဆက်လက် အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော်မတီပြည်ပရေးရာလုပ်ငန်း ကော်မရှင်ရုံးဥက္ကဋ္ဌ မစ္စတာယန်ကျဲ့ချီ တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံခေါင်းဆောင်များကလည်း  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ အဖိုးတန်သည့် ထောက်ခံအားပေး ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပြုသဘောဆောင်မှုများကိုလည်း တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ လက်တွဲ၍ ကပ်ရောဂါတိုက်ဖျက်မှုများ ဆောင်ရွက်ရာတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ စာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံဆက်ဆံရေးသည် စစ်မှန်သည့် အပြန်အလှန်နားလည်မှုနှင့် လေးစားမှုတွင် တည်ဆောက်ခြင်းဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ကပ်ရောဂါ၏ သက်ရောက်မှုများကို အမြန်ဆုံး ကျော်လွှားလိုကြောင်း ၊ အဆင့်မြင့်အရာရှိဆက်ဆံရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံတည်ဆောက်မှုကို ဘက်စုံတွန်းအားပေးဆောင်ရွက်၍ လူမှုယဉ်ကျေးမှုစသည့် ကဏ္ဍများ၏ ဖလှယ်မှုကို ကျယ်ပြန့်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာဇာတ်ခုံပေါ်တွင် ညှိနှိုင်းဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် အေးတူပူအမျှ ကံတူအကျိုးပေးအသိုက်အဝန်းကို တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အာဆီယံ-တရုတ်နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာ ဆောင်ရွက်သွားကာ ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွားကို အတူ တိုးမြှင့်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေး ထိရောက်မှုကို အထူးချီးကျူးကြောင်း ၊ မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်အမြဲလက်ခံသလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကာကွယ်မှုကိုလည်း ခိုင်မာစွာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ယန်ကျဲ့ချီသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။  (Xinhua)