Connect with us

Politics

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင် ခဲ့ခြင်းကို တရုတ်နိုင်ငံ အနေနှင့် ကြိုဆို ထောက်ခံ ပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ ဟွာချွမ်းရင် ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဟွာချွမ်းရင်အား သတင်းစာ ရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင် က မြန်မာနိုင်ငံ ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင် ခဲ့ခြင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတွင် အရေးကြီးသော တိုးတက်မှု ရရှိခဲ့ခြင်းကို တရုတ်နိုင်ငံ အနေဖြင့် ကြိုဆိုထောက်ခံ ပါကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ၌ သတင်းထောက်များ၏ မေးမြန်းချက် ကို ဖြေကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiang သည် မြန်မာ နိုင်ငံ ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို အသိသက်သေအနေနှင့် တက်ရောက်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အရေးကြီးသော တိုးတက်မူ ရရှိခဲ့ခြင်းကို ကြိုဆိုထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ၏ ဆန္ဒအရ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အား ထောက်ခံအားပေး ရန်တရုတ်နိုင်ငံ အနေနှင့် တက်တက်ကြွကြွ အပြုသဘော နှင့် အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟွာချွမ်းရင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117