Connect with us

Politics

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ တို့မှ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ် များအား တွေ့ဆုံဆွေးနွေး

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) တို့တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အလုပ်အမှုဆောင်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာသော တရုတ် ပြည်သူလူထု ၏ ပြည်ပ နိုင်ငံများ ချစ်ကြည်ရေး အသင်း (THE CHINESE PEOPLE’S ASSOCIATION FOR FRIENDSHIP WITH FOREIGN COUNTRIES,CPAFFC) ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကို မလ ၂၂ ရက်နေ့ တွင် Summit partview Hotel ၌ တွေ့ဆုံ ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍ သဘောထား အပြန်အလှန် ဖလှယ် ခဲ့ကြပြီး မြန်မာ နိုင်ငံရှိ ကျောင်းသား/သူများ အား တရုတ် နိုင်ငံ သို့ ပညာတော်သင် စေလွှတ်မှု အခြေအနေများ ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အသင်း တို့ပူးပေါင်းဆောင်ရွက်မှု မှ ရရှိခဲ့သည့် အကျိုးရလဒ်များ ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက် သွားမည့် အခန်းကဏ္ဍများ နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ် များတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) တို့တွေ့ဆုံ ခဲ့စဉ်(ဓာတ်ပုံ-MCFA)

တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ-MCFA)

တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် (Mr.Xie Yuan) နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ-MCFA)

တရုတ် နိုင်ငံ CPAFFC ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှဲယွမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.